ပြည်သူများ စစ်လက်နက်ပစ္စည်းများတွေ့ရှိပါက မတ်လလယ်အထိနောက် ဆုံးထားအပ်နှံရန် CDF -Mindat ထုတ်ပြန်

၂၆၊ဖေဖော်ဝါရီ၊၂၀၂၅

Zalen

ချင်းကာကွယ်ရေးတပ်(မင်းတပ်) ထိန်းချုပ်ထားတဲ့နယ်မြေအတွင်း အရပ်သားပြည်သူ များအနေဖြင့် စစ်လက်နက်ကြွင်းကျန်ပစ္စည်းများ တွေ့ရှိပါက နီးစပ်ရာတပ်ရင်း၊တပ်ဖွဲ့များထံ မတ်လ ၁၅ ရက်နေ့ နောက် ဆုံးထားပြီး အပ်နှံကြရန် CDF-Mindatမှဖေဖော်ဝါရီလ ၂၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မင်းတပ်မြို့သိမ်းတိုက်ပွဲ ဖြစ်စဉ်မှာ ကစဉ့်က လျား ထွက်ပြေးကြတဲ့စစ်ကောင်စီတပ်ဖွဲ့၀င်တွေကနေဖြစ်စေ၊ မောင်းပြန်ရိုင်ဖယ်၊တစ်ခြားနည်းနဲ့ လက်ခံတွေ့ရှိထားတဲ့လက်နက်ခဲယမ်းဖြစ်စေ အပ်နှံထားကြဖို့အသိပေးထားပါတယ်။

Zalen ad

လက်နက်၊ခဲယမ်းတွေ အပ်နှံသူတွေကို တန်ဖိုးနဲ့ညီမျှတဲ့ဆုကြေးငွေကိုလည်းပြန်လည်ပေးအပ်သွားမှာဖြစ်သလို ၀ယ်ယူထားတဲ့အ‌ ထောက်အထားခိုင်လုံကြောင်းပြနိုင်ရင်လည်းထုတ်ယူနိုင်တယ်လို့ သိရပါတယ်။

အဲဒါနဲ့ပတ်သက်လို့ CDF-Mindat တပ်ဖွဲ့၀င်တစ်ဦးက” ရိုးရာတူမီးသေနတ်တွေတော့မပါပါဘူး။ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ကြွင်း ကျန်ပစ္စည်းတွေပေါ့။တွေ့တဲ့ပြည်သူတွေအနေနဲ့လည်းတပ်ရင်း၊တပ်ဖွဲ့တွေဆီလာရောက်အပ်နှံပြီး ပူးပေါင်းပေးစေချင်ပါတယ်” လို Zalen ကိုပြောပါတယ်။

ဆက်လက်ပြီး လက်နက်ခဲ၊ယမ်းတွေကိုအပ်နှံလာတဲ့အရပ်သားပြည်သူတွေကို ဆုကြေး‌ ငွေပေးအပ်ဖို့က သတ်မှတ်ထုတ်ပြန်တာ မရှိသေးဘူးလို့ရှင်းပြပါတယ်။

ဒါ့အပြင် အရပ်သားပြည်သူများအနေနဲ့ လက်နက်၊ခဲ၊ယမ်းများကိုအပ်နှံရန်သတ်မှတ်ရက် ကျော်လွန်ပြီး ကိုင်ဆောင်ခြင်း၊လက်၀ယ်ထားရှိခြင်း၊ရောင်း၀ယ်ဖောက်ကားခြင်းတွေပြုလုပ်ပါက CDF-Mindat အနေနဲ့ပြင်းပြင်း ထန်ထန် အရေးယူမှာဖြစ်တယ်လို့ သတိပေးထားပါတယ်။

သတင်း – မိုးပီအောင်

နောက်ဆုံးရသတင်းများ

ထန်တလန်မှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက အဆိပ်ပါတဲ့ဗုံးများပါအသုံးပြုလာ

ဇွန် ၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေကြား နေ့စဉ် ရက်ဆက်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်က အဆိပ်ပါတဲ့ဗုံးတွေပါအသုံးပြုလာနေ တယ်လို့ သတင်းအရင်းအမြစ်တွေကပြောကြပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ဇွန်လ ဆန်းပိုင်းကနေစလို့ ဟားခါးမြို့ကနေ ထန်တလန်မြို့ဘက်ကို စစ်အင်အား ၃၀၀ ...

ဆက်ဖတ်ရန်