ငဖဲမြို့နယ်မှာ ချင်းအမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရ

မတ်လ ၇ရက်၊ ၂၀၂၅ ခုနှစ်

Zalen

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စပ်စီကျေးရွာမှ ချင်းအမျိုးသမီးနှစ်ဦးကို ဒီနေ့ မတ်လ ၇ ရက်နေ့၊ ညနေ ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရသူနှစ်ဦးဟာ အသက် (၅၄) နှစ်အရွယ် ဒေါ်ပလွန် နဲ့ အသက် (၁၈) နှစ်အရွယ် မိုင်အက်စတာမန်းတို့ဖြစ်ပါတယ်။

Zalen ad

ဒီနေ့ ညနေ ၂ နာရီဝန်းကျင်မှာ ငဖဲမြို့ က.ပ.စ တပ်ရင်းမှ စစ်ကောင်စီတပ် အင်အား ၄၀ ကျော် ကားနှစ်စီး၊ ဆိုင်ကယ် ၇ စီးနဲ့ ရွာထဲ ဝင်ရောက်လာပြီး ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။

“ဒီနေ့ စစ်သားတွေ ရွာထဲဝင်လာပြီး ရွာထဲက အိမ်တွေ တစ်အိမ်တက်ဆင်း ဝင်စစ်တယ်။ စစ်ပြီးမှ ရွာထဲက သားအမိနှစ်ဦးကို ဖမ်းသွားတာပါ။ သူတို့အိမ်က လက်တော့ပ် တစ်လုံး၊ ဖုန်းတစ်လုံးကိုလည်း စစ်သားတွေက ယူသွားပါတယ်။” ဟု ငဖဲမြို့နယ်ဒေသခံ ချင်းအမျိုးသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က စပ်စီကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းက မူကြိုကျောင်းကိုလည်း စစ်ဆေးမှုပြုလုပ်ပြီး ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။

စပ်စီကျေးရွာဟာ အိမ်ခြေ ၈၀ ကျော်ရှိပြီး ချင်း(အရှို)လူမျိုးတွေ နေထိုင်တဲ့ ကျေးရွာဖြစ်ပါတယ်။

သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

ထန်တလန်မှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက အဆိပ်ပါတဲ့ဗုံးများပါအသုံးပြုလာ

ဇွန် ၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေကြား နေ့စဉ် ရက်ဆက်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်က အဆိပ်ပါတဲ့ဗုံးတွေပါအသုံးပြုလာနေ တယ်လို့ သတင်းအရင်းအမြစ်တွေကပြောကြပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ဇွန်လ ဆန်းပိုင်းကနေစလို့ ဟားခါးမြို့ကနေ ထန်တလန်မြို့ဘက်ကို စစ်အင်အား ၃၀၀ ...

ဆက်ဖတ်ရန်