လိင်ပိုင်းဆိုင်ရာစော်ကားရန်ကြိုးပမ်းမှုဖြင့် မြန်မာအမေရိကန်တစ်ဦး ထောင်ဒဏ် ၈ နှစ်ချမှတ်ခံရ

၁၈၊ ဇွန်လ၊ ၂၀၂၅

Zalen

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊Buffalo မြို့မှာနေထိုင်ပြီး အမေရိကန်နိုင်ငံသားခံယူထားတဲ့ မြန်မာနိုင်ငံသားတစ်ဦးကို လိင်ပိုင်းဆိုင်ရာစော်ကားရန်ကြိုးပမ်းမှုဖြင့် ထောင်ဒဏ် ၈ နှစ်ချမှတ်ခဲ့ကြောင်း Wyoming ကောင်တီခရိုင်ရှေ့နေရုံးက တနင်္လာနေ့ (ဇွန် ၁၆)မှာ ထုတ်ပြန်ပါတယ်။

အဆိုပါအမျိုးသားဟာ အောင်ကောင်းမြတ်ဖြစ်ပြီးအသက် ၃၈ နှစ်ရှိပြီဖြစ်ကာ Buffalo ရဲဌာနမှာ အရံယူနစ် အရာရှိအဖြစ်တာဝန်ထမ်းဆောင်နေသူလို့သိရပါတယ်။

Zalen ad

အောင်ကောင်းမြတ်ဟာ အမျိုးသမီးတစ်ဦးနဲ့ လိင်ဆက်ဆံရန်ကြိုးပမ်းရာမှာအတင်းအကြပ်ခိုင်းစေမှု၊ ကျူးကျော်စော်ကားမှုလုပ်ခဲ့ ကြောင်းသူကိုယ်တိုင်ဝန်ခံထားကာ Buffalo ရဲဌာနမှာတာဝန်ထမ်းဆောင်စဉ်အတွင်း အဆိုပါအခင်းဖြစ်ပွားခဲ့ တာလို့ဆိုပါတယ်။

အောင်ကောင်းမြန်ဟာ ယခင်ကလည်း လိင်ပိုင်းဆိုင်ရာ စော်ကားရန်ကြိုးပမ်းမှု တစ်ခုကျူးလွန်ခဲ့ကြောင်း ဝန်ခံ ထားကာ သီးခြားအမှုနှစ်ခုအတွက် အပြစ်ရှိတာကြောင့် တစ်မှုကို ၄ နှစ်စီဖြင့် အားလုံးပေါင်း ၈ နှစ်ထောင်ဒဏ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

“ဒီအမှုရဲ့စီရင်ချက်ဟာ အမှုရဲ့သဘောသဘာဝအရအလွန်သင့်လျော်ပါတယ်။” လို့Wyominng ကောင်တီခရိုင် ရှေ့နေ Vincent Hemming က ပြောကြားခဲ့ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီးတော့ သတ္တိရှိရှိထုတ်ဖော်ပြောကြားခဲ့တဲ့ နစ်နာသူနဲ့ သူ့ရဲ့ရဲစွမ်းသတ္တိကို ချီးကျူးတယ်လို့ လည်း Vecent Hemming က ပြောကြားထားပါတယ်။

ကိုးကား – Yahoo.com

သတင်း – Mickey

ပုံအညွှန်း – အောင်ကောင်းမြတ်

ဓါတ်ပုံ – Yahoo.com

နောက်ဆုံးရသတင်းများ

ထန်တလန်မှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက အဆိပ်ပါတဲ့ဗုံးများပါအသုံးပြုလာ

ဇွန် ၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေကြား နေ့စဉ် ရက်ဆက်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်က အဆိပ်ပါတဲ့ဗုံးတွေပါအသုံးပြုလာနေ တယ်လို့ သတင်းအရင်းအမြစ်တွေကပြောကြပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ဇွန်လ ဆန်းပိုင်းကနေစလို့ ဟားခါးမြို့ကနေ ထန်တလန်မြို့ဘက်ကို စစ်အင်အား ၃၀၀ ...

ဆက်ဖတ်ရန်