ထီးလင်းမှာ စစ်ကောင်စီလက်အောက်ခံ စစ်သား တွေရဲ့ နှိပ်စက်ရိုက်နက်မှုကြောင့် ရဲတပ်ကြပ်နှစ်ဦးသေဆုံး

၂၄ ၊ ဇွန် ၊၂၀၂၄
Zalen

မကွေးတိုင်း၊ဂန့်ဂေါခရိုင်၊ထီးလင်းမြို့ရှိ စစ်ကောင်စီတပ်သားတွေရဲ့ နှိပ်စက်ရိုက်နက်မှုကြောင့် ရဲတပ်ကြပ် နှစ်ဦး သေဆုံးသွားတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေထံကနေသိရပါတယ်။

အဆိုပါဖြစ်စဉ်က ဇွန်လ ၁၇ ရက်နေ့ ထီးလင်းမြို့ပေါ် ရုပ်သံကုန်း ရှိ အချုပ်စခန်း ကနေ ထွက် ပြေးလာတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃ ဦး နဲ့ပတ် သက်ပြီး ရိုက်နက်ခဲ့တာလို့ဆိုပါတယ်။

အဲဒါနဲ့ပတ်သက်လို့ စစ်ရေးသတင်းနဲ့နီးစပ်သူတစ်ဦးက” အချုပ်စခန်းကနေ ထွက်ပြေးသွားတဲ့ သူတွေနဲ့ပတ်သက်ပြီးတော့ ၁၇ ရက်ညတွင်း ချင်းမှာ စစ်သားတွေလာပြီး တာ၀န်ကျရဲတွေကို ရိုက်နက်ထိုးကြိတ်တယ်။ရဲတပ်ကြပ် နှစ်ဦးက စစ် သားတွေ ရိုက်နက်လို့သေသွားတယ်။ ကျန်တဲ့ ၃ ဦးကိုတော့ အချုပ်ခန်းထဲ ထည့်တယ်” လို့ Zalen ကိုပြောပါတယ်။

Zalen ad

စစ်သားတွေရဲ့ရိုက်နက်မှုကြောင့် သေဆုံးသွားသူတွေကတော့ ရဲတပ်ကြပ် မြင့်အောင် နှင့် ရဲတပ်ကြပ်ကျော်ဆန်းထွေး လို့ သိရပြီးရဲတပ်
ကြပ်မြင့်အောင်ကတော့ ပြီးခဲ့တဲ့၂၀၂၂ခုနှစ် ၊ မေလ တုန်းက ဆေးမင်းတောရဲစခန်းကနေပြောင်းလာတာလို့ သူကရှင်းပြပါတယ်။

ထီးလင်းမြို့မရဲစခန်းမှာ ယခင်က နိုင်ငံရေးအကျဉ်းသား ၂၃ ဦးရှိခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့က ၁၃ ဦးထွက်ပြေးခဲ့တာကြောင့် ၁၀ ဦးရှိနေသေးတာဖြစ်ပါတယ်။

သတင်း – ယောနေ
ဓာတ်ပုံ – ပုံဟောင်း

နောက်ဆုံးရသတင်းများ

ထန်တလန်မှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက အဆိပ်ပါတဲ့ဗုံးများပါအသုံးပြုလာ

ဇွန် ၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေကြား နေ့စဉ် ရက်ဆက်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်က အဆိပ်ပါတဲ့ဗုံးတွေပါအသုံးပြုလာနေ တယ်လို့ သတင်းအရင်းအမြစ်တွေကပြောကြပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ဇွန်လ ဆန်းပိုင်းကနေစလို့ ဟားခါးမြို့ကနေ ထန်တလန်မြို့ဘက်ကို စစ်အင်အား ၃၀၀ ...

ဆက်ဖတ်ရန်