ဇန်နဝါရီ ၂၀၊ ၂၀၂၆။
Zalen
မြန်မာမှာ စစ်ကော်မရှင် ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲကို အဆီယံက အသိမှတ်ပြုမှာ မဟုတ်ဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Mohamad Hasan က ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတွင် စတင်ခဲ့တဲ့ ရွေးကောက်ပွဲကို ကုလသမဂ္ဂ၊ အနောက်နိုင်ငံတွေနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက စစ်တပ်အုပ်ချုပ်ရေးကို နိုင်ငံရေးကိုယ်စားလှယ်များမှတဆင့် တရားဝင်ဖြစ်စေရန် ကြံစည်မှုတခုအဖြစ် ဝေဖန်ခဲ့ကြပေမဲ့ စစ်ကောင်စီကမူ ယင်းစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။
မဲပေးသူနည်းပါးခဲ့တဲ့ ယခုလအစောပိုင်း ဒုတိယအဆင့် ရွေးကောက်ပွဲ မဲပေးမှုများမှာ စစ်တပ်နဲ့ မဟာမိတ်ဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ပထမအဆင့်မှာ ယှဉ်ပြိုင်ခဲ့တဲ့ လွှတ်တော် အမတ်နေရာ ၈၈ ရာခိုင်နှုန်းကို အနိုင်ရရှိပြီးနောက် ရှေ့ကနေ ဦးဆောင်နေပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး Hasan က ပါလီမန်မှာ ပြောကြားရာ ပြီးခဲ့တဲ့နှစ် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ကျင်းပခဲ့တဲ့ နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးအတွင်း ရွေးကောက်ပွဲလေ့လာသူတွေ စေလွှတ်ပေးဖို့ မြန်မာနိုင်ငံရဲ့ တောင်းဆိုချက်ကို အာဆီယံက ပယ်ချခဲ့ပါတယ်။
ဒါပေမဲ့ အဖွဲ့ဝင်နိုင်ငံအချို့က ၎င်းတို့ရဲ့ သဘောဆန္ဒအလျောက် လေ့လာသူတွေ စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ကတော့ အာဆီယံအနေနဲ့ လေ့လာသူတွေ စေလွှတ်မှာမဟုတ်ဘူးလို့ ပြောထားပြီးသားပါ။ အဲဒီအတွက်ကြောင့်လည်း အာဆီယံက ဒီရွေးကောက်ပွဲကို အတည်ပြု (သို့) အသိအမှတ်ပြုမှာ မဟုတ်ပါဘူး” လို့ မလေးရှားနဲ့ အာဆီယံရဲ့ ရွေးကောက်ပွဲအပေါ် သဘောထားနဲ့ ပတ်သက်၍ အမတ်တဦးရဲ့ မေးမြန်းချက်ကို ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ပါတယ်။
သီးခြားအနေနဲ့ ဝန်ကြီး Mohamad က တောင်တရုတ်ပင်လယ်အတွင်း လှုပ်ရှားမှုတွေနဲ့ ပတ်သက်၍ ဘေဂျင်း (တရုတ်)နဲ့ နှစ်ရှည်လများ အဆိုပြုထားတဲ့ ကျင့်ဝတ်စည်းကမ်းကို ယခုနှစ်အတွင်း အပြီးသတ်နိုင်ဖို့ အာဆီယံက နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
သတင်း -ဆလိုင်း
ကိုးကား -Asiaone
ဓာတ်ပုံ-လူမှုကွန်ယက်

စစ်ကော်မရှင် ရွေးကောက်ပွဲကို အာဆီယံက အသိအမှတ်ပြုမည်မဟုတ်ဟု မလေးရှားပြော















