မီဇိုဘာသာစကားကို အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းဖို့ အတည်ပြုခဲ့တဲ့အဆိုကို အချိန်ကိုက်မဟုတ်သေးကြောင်း MZP ပြော

မတ် ၁၀ ၊ ၂၀၂၆

Zalen

Zalen ad

ပညာရေးဝန်ကြီး Dr. Vanlalthlana တင်သွင်းလိုက်တဲ့  “မီဇိုဘာသာစကားကို အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေ၏ အဋ္ဌမဇယားတွင် ထည့်သွင်းသင့်သည်” ဆိုတဲ့အဆိုကို မနေ့ကကျင်းပတဲ့ လွှတ်တော်အစည်းအဝေးတွင် အတည်ပြုခဲ့ကြပြီး တဘက်မှာ မီဇိုးကျောင်းသားများအသင်း ( MZP ) က ဒီအဆိုဟာ အချိန်ကိုက်မဟုတ်သေး ကြောင်းပြောကြားထားပါတယ်။

Dr. Vanlalthlana ရဲ့အဆိုတင်သွင်းချက်ကို ပြည်နယ်ဝန်ကြီးချုပ် ပူးလာလ်ဒုအောမ်မာ နဲ့ အတိုက်အခံပါတီ ခေါင်းဆောင် ပူးလာလ်ချန်ဒမ်းမာ တို့အပြင် အခြားသောပါတီစုံကိုယ်စားလှယ်များက ထောက်ခံကြောင်း ပြောဆို ပြီးနောက် တညီတညွတ်တည်းလွှတ်တော်က အတည်ပြုလိုက်တာဖြစ်ပါတယ်။

ဒီအဆိုကို မီဇိုရမ်ပြည်နယ်အတွင်းရှိ NGO အဖွဲ့အစည်းကြီးများဖြစ်ကြတဲ့ မီဇိုးလူငယ်အသင်း ( YMA ) ၊ မီဇိုး ကျောင်းသားများအသင်း ( MZP ) အပါအဝင် ၁၆ ဖွဲ့ခန့်ကလည်းထောက်ခံထားတယ်လို့ အဆိုတင်သွင်းသူ Dr. Vanlalthlana က ပြောကြားထားပေမယ့် တစ်ဖက်မှာ MZP က ဒီကိစ္စကိုထောက်ခံထားခြင်းမရှိကြောင်း မနေ့ မတ်လ ၉ ရက်နေ့မှာ မီဒီယာများထံပြောကြားထားပါတယ်။

မီဇိုဘာသာစကားကို အိန္ဒိယဖွဲ့စည်းပုံအခြခံဥပဒေ အဋ္ဌမဇယားမှာထည့်သွင်းခြင်းအားဖြင့် လွှတ်တော်အမတ် များက မီဇိုးဘာသာစကားဖြင့်လွှတ်တော်မှာဝင်ဆွေးနွေးနိုင်မှာဖြစ်ပြီး အရင်ကထက်ပိုမိုပြတ်သားရှင်းလင်းစွာ ပြောဆိုနိုင်မယ့်အကြောင်း၊ ဗဟိုအစိုးရစစ်စာမေးပွဲများမှာ မီဇိုးကျောင်းသားများအတွက်ပိုမိုလွယ်ကူမယ့်အ ကြောင်း၊ မီဇိုစာရေးဆရာများအတွက်အခွင့်အလမ်းများပိုမိုရရှိလာမှာဖြစ်တဲ့အကြောင်းတွေကို ပြောကြားထား ပါတယ်။

MZP ဘက်ကတော့ မနေ့က မီဒီယာများနဲ့တွေ့ဆုံချိန်မှာ အိန္ဒိယဖွဲ့စည်းပုံ အဋ္ဌမဇယားထဲ မီဇိုးဘာသာစကားကို ထည့်သွင်းမယ်ဆိုပါက မီဇိုရမ်ပြည်နယ်အတွင်းနေထိုင်ကြတဲ့ မည်သည့်မျိုးနွယ်စုဘာသာစကားကို ထည့်သွင်း သင့်ကြောင်း၊ မီဇိုရမ်ပြည်နယ်မှာ နေထိုင်ကြသူများအားလုံးဟာ (Zo) မျိုးနွယ်စုများဖြစ်ကြပေမယ့် ဘယ်ဘာသာ စကားကို မီဇိုဘာသာစကားအဖြစ် အသိအမှတ်ပြုထားကြောင်း မေးခွန်းထုတ်ထားပါတယ်။

မီဇိုရမ်ပြည်နယ်အတွင်း အသုံးပြုနေကြတဲ့ Lushei ၊ Hmar ၊  Paite နဲ့ Lai ဘာသာစကားတွေထဲမှာ ဘယ်ဘာသာ စကားကို မီဇိုးဘာသာစကားကို အသိမှတ်ပြုရမလဲဆိုတာ တွေ့ဆုံဆွေးနွေးမှုများအရင်လုပ်ပြီးနောက်မှ ဒီအဆိုကို အတည်ပြုသင့်ကြောင်း၊ ယခုအခါအတည်ပြုဖို့အချိန်ကိုက်မဟုတ်သေးကြောင်း ပြောကြားထားကြပါတယ်။

သတင်း – Mickey

ဓာတ်ပုံ-လူမှုကွန်ယက်

#မီဇိုဘာသာစကား#အိန္ဒိယ#ဖွဲ့စည်းပုံအခြေခံဥပဒေ#ထည့်သွင်း#MZP #Zalen

နောက်ဆုံးရသတင်းများ

ကမ္ဘာလုံးဆိုင်ရာဖလမ်းလူငယ်အဖွဲ့အစည်း ( GFYO ) ခေါင်းဆောင်များရွေးချယ်တင်မြှောက်

မတ် ၁၀ ၊ ၂၀၂၆ Zalen ကမ္ဘာလုံးဆိုင်ရာဖလမ်းလူငယ်အဖွဲ့အစည်း ( Global Falam Youth Organization – GFYO ) အတွက် ခေါင်းဆောင် သစ်များရွေးချယ်မြှောက်ပြီးစီးကြောင်း ဒီကနေ့မှာ အသိပေးထားပါတယ်။ လက်ရှိမှာ ...

ဆက်ဖတ်ရန်