မတ် ၁၀ ၊ ၂၀၂၆
Zalen

ကမ္ဘာလုံးဆိုင်ရာဖလမ်းလူငယ်အဖွဲ့အစည်း ( Global Falam Youth Organization – GFYO ) အတွက် ခေါင်းဆောင် သစ်များရွေးချယ်မြှောက်ပြီးစီးကြောင်း ဒီကနေ့မှာ အသိပေးထားပါတယ်။
လက်ရှိမှာ ကမ္ဘာ့နိုင်ငံ ၁၀ နိုင်ငံအတွင်းရှိ ဖလမ်းလူငယ်များပါဝင်ထားပြီးနောက်နောင်မှာ အခြားနိုင်ငံများပါဝင် လာနိုင်ရန်ကြိုးစားထားကြောင်း ဖော်ပြထားပါတယ်။
လူငယ်ခေါင်းဆောင်များက ကမ္ဘာတဝန်းရှိ ဖလမ်းလူငယ်များကို စည်းလုံးညီညွတ်စေရန်၊ စွမ်းအားပေး မြှင့်တင်ရန် အပြင် ယဉ်ကျေးမှုကို အားကောင်းစေရန်၊ အသိုင်းအဝိုင်းများကို ဝန်ဆောင်မှုပေးရန်၊ ဖလမ်း လူငယ်များနဲ့ ချင်းပြည်အတွက် ပိုမိုတောက်ပသောအနာဂတ်ကို တည်ဆောက်ရန် ကြိုးစားသွားမယ် လို့ သိရပါတယ်။
ရွေးချယ်တင်မြှောက်ခြင်းခံရသူများက GFYO ဥက္ကဋ္ဌအဖြစ် Salai Justin Thang ၊ ဒုဥက္ကဋ္ဌအဖြစ် Salai Van Ceu Mang, အထွေထွေအတွင်းရေးမှူးအဖြစ် Salai Johshua Mang ၊ တွဲဖက်အတွင်းရေးမှူးအဖြစ် Mai Phyo Ih San ၊ ဘဏ္ဍာထိန်းအဖြစ် Mai Cross Nunhlim Pui တို့ဖြစ်ကြပါတယ်။
အဆိုပါ GFYO အောက်မှာ ပညာရေးနှင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဌာန (Education & Youth Development Department ) ၊ ယဉ်ကျေးမှုနှင့် အမွေအနှစ်ဌာန (Cultural Affiars & Heritage department ) ၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဌာန (Development & Partnerships Department ) ၊ ဆက်သွယ်ရေးနှင့် မီဒီယာဌာန (Communication & Media department ) နဲ့ ထိတွေ့ဆက်ဆံမှုနှင့် ပွဲအခမ်းအနားဌာန ( Engagement & Event Department ) စတဲ့ဌာနခွဲများကိုလည်းဖွဲ့စည်းထားပါတယ်။
အဆိုပါ GFYO မှာ အမေရိကန်၊ ဆွီဒင်၊ထိုင်း၊စင်ကာပူ၊ဩစတေးလျ ၊ ဖင်လန်၊ အိန္ဒိယ၊ ဂျပန်၊တောင်ကိုးရီးယား၊ မလေးရှား စတဲ့ နိုင်ငံမှလူငယ်များပါဝင်ကြပြီး နိုင်ငံတနိုင်ငံတိုင်းအတွက် ဒါရိုက်တာများကိုလည်းခန့်အပ် ထားကြတယ်လို့ သိရပါတယ်။
သတင်း – Mickey
ဓာတ်ပုံ- GFYO
#GFYO #ခေါင်းဆောင်များ#ရွေးချယ်#Zalen
















