အိန္ဒိယ-မြန်မာနယ်စပ် တမူးမှာ ဈေးကွက်ပျက်​နေ​သောမျောက်ငိုသီးများ

မတ် ၁၁၊ ၂၀၂၆။

Zalen

Zalen ad

စစ်ကိုင်းတိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ်တမူးမြို့နယ်က မျောက်ငိုသီးတွေ ဈေးကောင်းမရဘူ ရရာဈေးနှုန်းနဲ့ အိန္ဒိယ မိုးရေးဘက်ကို တင်သွင်းနေကြရတယ်လို့ မျောက်ငိုသီးကုန်သည်များထံက သိရပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့နယ်အတွင်းက မျောက်ငိုသီးတွေကို တဘက်နိုင်ငံ အိန္ဒိယဘက်ကို ဈေးကောင်းမရဘဲအခုလို တင်သွင်းနေကြတာဖြစ်ပါတယ်။

” မျောက်ငိုသီးဈေးက သိပ်မရဘူး အတောင့် ၁၀၀မှာ ရူပီးငွေ ၁၀၀/၁၅၀ ဘဲရတာ။ အသီးမကောင်းရင် ရူပီး ၁၀၀တောင်မရဘူးဗျ။ဈေးမကောင်းပေမယ့် ရာသီပေါ်စီပွားရေးလုပ်ငန်းဆိုတော့ အမြတ်နည်းနည်း ဆိုပေမယ့် တင်သွင်းနေကြရတာပါဘဲ။ အလကားနီးနီးပေးနေရသလိုပါဘဲ ” လို့ မျောက်ငိုသီးရောင်းဝယ်နေသူတဦးက Zalen ကိုပြောပါတယ်။

အခုလို မြန်မာဘက်ကနေတင်သွင်းနေတဲ့ မျောက်ငိုသီးများကို အတောင့် ၁၀၀မှာ ရူပီးငွေ ၁၅၀၊ ၁၀၀ နဲ့ တင်သွင်းနေကြရတာဖြစ်ပြီး အသီးမကောင်းရင် ၇၀၊ ၈၀ နဲ့တင်သွင်းနေကြရတာဖြစ်ပါတယ်။

ဒါ့ပြင် မြန်မာဘက်က မျောက်ငိုသီး တင်သွင်းနေတဲ့ ဂိတ်ဟာ တရားဝင်ဂိတ်ပေါက်မဟုတ်တဲ့ အတွက် အာသံရိုင်ဖိုင်တပ်များက အချိန်အကန့်အသတ်နဲ့ တင်သွင်းခွင့်ပေးနေတာကြောင့် မျောက်ငိုသီး ရောင်းဝယ်သူများနဲ့ ဝယ်ယူသူများ အခက်တွေ့နေကြတာဖြစ်ပါတယ်။

” ကျမတို့တင်သွင်းနေတဲ့ဂိတ်က ဂိုဗားရန်(Govajang) ဂိတ်မှာပါ။ ဂိတ်တံခါးက မနက် အိန္ဒိယ ၈ နာရီကနေ ၁၁ နာရီထိဘဲ အာသံရိုင်ဖိုင်တပ်က ဖွင့်ပေးတာ။ ၁၁ နာရီထိုးရင် ဂိတ်သော့ခပ်ပြီး သူတို့ပြန်သွားကြပြီ။ မျောက်ငိုသီးတွေက သွင်းလို့မကုန်သေးတော့ ဆူးကြိုးကာထားတဲ့ကြားကနေ ပေးယူနေကြရတာ” လို့ နောက်ထပ် မျောက်ငိုသီး ရောင်းဝယ်သူတဦးကလည်း ဆိုပါတယ်။

တမူးမြို့နယ်က မျောက်ငိုသီးများဟာ ယခုနှစ်ဆန်းပိုင်း ဇန်နဝါရီလက အတောင့် ၁၀၀ကို ရူပီးငွေ ၅၀၀ကနေ ၆၀၀ခန့်ထိ ရောင်းအားကောင်းခဲ့ပြီး ဖေဖော်ဝါရီလ နောက်ဆုံးပတ်ကနေ မျောက်ငိုသီးဈေး အဆမတန်ထိုးကျသွားတာဖြစ်ပါတယ်။

သတင်း – တမူးနွေဦး

ပုံစာ – နယ်စပ်တ​နေရာတွင် မျောက်ငိုသီးရောင်းဝယ်နေမှုအားတွေ့ရစဉ်။

#အိန္ဒိယ#မြန်မာ#တမူး#မျောက်ငိုသီး#Zalen

နောက်ဆုံးရသတင်းများ

အမ်းမြို့နယ်ရှိ စစ်သုံ့ပန်းစခန်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး ၁၁၆ ဦး အစုလိုက်အပြုံလိုက်သေဆုံး

မတ် ၁၁၊ ၂၀၂၆ Zalen ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်သုံ့ပန်း အကျဥ်းစခန်းကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ပြီး စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် (ULA/AA) က ဒီနေ့ မတ်လ ...

ဆက်ဖတ်ရန်