ULA/AA နဲ့ မီဇိုရမ်အစိုးရ ဆက်ဆံရေးကောင်းမွန်ပေမဲ့ နယ်စပ်လုံခြုံရေးအတွက် ဝန်ကြီးချုပ်စိုးရိမ်

မတ် ၁၃၊ ၂၀၂၆

Zalen

Zalen ad

အာရက္ခတပ်တော် (AA) နဲ့ မီဇိုရမ်ပြည်နယ်အစိုးရတို့အကြား ဆက်ဆံရေးကောင်းမွန်ပေမဲ့ နယ်စပ်ဖြတ်ကျော် တရားမဝင်ကုန်သွယ်မှုနဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေ ရှိနေတယ်လို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် လာဒူအိုမန် က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မီဇိုရမ်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားရာမှာ အိုက်ဇောခရိုင်အပါအဝင် မီဇိုရမ်ပြည်နယ်အတွင်းရှိ နေရာအတော်တွေက ကုန်စည်တွေဟာ မြန်မာနယ်စပ်ဘက်သို့ အမြောက်အမြား စီးဝင်နေတယ်လို့ ထောက်ပြခဲ့ပါတယ်။

အထူးသဖြင့် ကုလားတန်ဘက်စုံစီမံကိန်း လမ်းကြောင်းတလျှောက်ရှိ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်နဲ့ ပလက်ဝမြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ ဇိုချာချွာ (Zochachhuah) နယ်စပ်ဒေသမှာ တရားဝင်မဟုတ်တဲ့ ကုန်သွယ်မှုတွေ ဖြစ်ပေါ်နေတာကို တွေ့ရှိရတယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

လက်ရှိမှာ နယ်စပ်တလျှောက်ကို ထိန်းချုပ်ထားသည်မှာ နေပြည်တော်အခြေစိုက် စစ်ကောင်စီမဟုတ်ဘဲ အာရက္ခတပ်တော် (AA) သာဖြစ်တယ်လို့ ဝန်ကြီးချုပ်က လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ပါတယ်။

အဲဒီအခြေအနေများကြောင့် နယ်စပ်ဖြတ်ကျော် လူဝင်ရောက်မှုနဲ့ ကုန်စည်စီးဆင်းမှုများကို အနီးကပ်စောင့်ကြည့်ရန် လောင်တလိုင်ခရိုင် အာဏာပိုင်များနဲ့ နယ်စပ်လုံခြုံရေး တာဝန်ယူထားတဲ့ အာသံရိုင်ဖယ် တပ်ဖွဲ့ဝင်များကို အကြောင်းကြားထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

အိန္ဒိယအစိုးရအနေနဲ့ ကုလာတန် စီမံကိန်းကို ၂၀၂၇ ခုနှစ်မှာ အပြည့်အဝ လည်ပတ်နိုင်ဖို့ မျှော်မှန်းထားသော်လည်း လက်ရှိမှာ စစ်တွေဆိပ်ကမ်းတစ်ခုတည်းကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားပြီး ကျန်စီမံကိန်းလမ်းကြောင်း အများစုမှာ AA ရဲ့ လက်အောက်မှာ ရောက်ရှိနေပြီဖြစ်ပါတယ်။

သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

မတူပီမြို့နယ် ဆီလှည့်ကျေးရွာအတွင်း Daai CDF အဖွဲ့ဝင်များက လူနေအိမ်ခေါင်မိုးပေါ်မှ ဆိုလာစက်များ ဖြုတ်ယူ

ဧပြီ ၂၈၊ ၂၀၂၆ Zalen ပြီးခဲ့တဲ့ရက်ပိုင်းက ချင်းပြည်နယ် မတူပီမြို့နယ် ဆီလှည့်ကျေးရွာအတွင်း Daai CDF အဖွဲ့ဝင်များဝင် ရောက်လာ ပြီး လူနေအိမ်ခေါင်မိုးပေါ်မှ ဆိုလာစက်များ ဖြုတ်ယူနေတယ်ဆိုတဲ့ ရုပ်သံတခု အွန်လိုင်းလူမှုမီဒီယာတွင် ပျံ့နှံ့လာပါတယ်။ ယင်းဖြစ်စဉ်မှာ ...

ဆက်ဖတ်ရန်