အီရတ်မှာ အမေရိကန် ဆီဖြည့်လေယာဉ်တစင်း ပျက်ကျ

မတ် ၁၃၊၂၀၂၆

Zalen

Zalen ad

အီရတ်နိုင်ငံမှာ အမေရိကန် ဆီဖြည့်လေယာဉ် KC-135 တစင်း ပျက်ကျခဲ့တယ်လို့ အမေရိကန် ဗဟိုစစ်ဌာနချုပ်(USCENTCOM) က ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ ဆီဖြည့်လေယာဉ်က မနေ့က မတ်လ ၁၂ ရက်နေ့က အီရတ်နိုင်ငံအနောက်ပိုင်းမှာ ပျက်ကျသွားခဲ့ပြီး နောက်ထပ်လေယာဉ် တစင်းကတော့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

အဆိုပါ ဖြစ်စဉ်က “Operation Epic Fury” စစ်ဆင်ရေးကာလအတွင်း မဟာမိတ်လေပိုင်နက်အတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ ကယ်ဆယ်ရေးလုပ်ငန်း တွေဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ အသိပေးပါတယ်။

ဒီ KC-135 ပျက်ကျတာဟာ ရန်သူ့ပစ်ခတ်မှုကြောင့်လည်းမဟုတ်သလို မဟာမိတ်တပ်ဖွဲ့များက မှားယွင်းပစ်ခတ်တာမျိုးလည်း မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ကစပြီး အီရန် ၊အစ္စရေး ၊အမေရိကန် တို့ တိုက်ပွဲစတင်ပြီးနောက် အမေရိကန်ရဲ့ လေယာဉ် ပျက်စီးမှု စတုတ္ထမြောက်လည်း ဖြစ်ပါတယ်။

သတင်း – ညီစေ

#နိုင်ငံတကာသတင်း#အမေရီကန်#ဆီဖြည့်#လေယာဉ်#Zalen

နောက်ဆုံးရသတင်းများ

မြန်မာနိုင်ငံမှာ ပညာရေးအကျပ်အတည်းကြောင့် ကျောင်းသား/သူ ၆ . ၃ သန်းကျော် ပညာသင်ယူခွင့် ဆုံးရှုံးနေ

ဇွန် ၂၄၊ ၂၀၂၆Zalen မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍမှာ အခြေခံပညာသင်ယူခွင့် ဆုံးရှုံးနေသူ ၆ ဒသမ ၃ သန်းကျော် ရှိနေတယ်လို့ ISP-Myanmar ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ သိရပါတယ်။ လက်ရှိပညာသင်နှစ်အတွင်း အဆင့်မီပညာရေးကို မျှော်မှန်းနိုင်ခြင်းမရှိတဲ့အပြင် အခြေခံပညာရေးလက်လှမ်းမီမှုမှာ ...

ဆက်ဖတ်ရန်