(၉၈) ကြိမ်မြောက် အော်စကာ ဆုပေးပွဲမှာ One Battle After Another က အကောင်းဆုံးဇာတ်ကားဆု အပါအဝင် ထိပ်တန်းဆုတွေသိမ်းပိုက်

မတ် ၁၆၊ ၂၀၂၆
Zalen

အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မြို့ရှိ Dolby Theatre မှာ ကမ္ဘာ့ရုပ်ရှင်လောကရဲ့ အမြင့်ဆုံးဂုဏ်ထူးဆောင်ဆုဖြစ်တဲ့ (၉၈) ကြိမ်မြောက် အော်စကာဆုနှင်းသဘင်အခမ်းအနား (98th Academy Awards) ကို မြန်မာစံတော်ချိန် ဒီနေ့ မနက်မှာ ခမ်းနားစွာ ကျင်းပခဲ့ကြပါတယ်။

အခုနှစ်မှာ ဒါရိုက်တာ ပေါလ် သောမတ်စ် အန်ဒါဆင် (Paul Thomas Anderson) ရဲ့ “One Battle After Another” ဇာတ်ကားက အကောင်းဆုံးဇာတ်ကားဆု (Best Picture) အပါအဝင် အဓိကဆုကြီးများကို သိမ်းပိုက်ကာ ပွဲရဲ အအောင်မြင်ဆုံး ရုပ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Zalen ad

ဝေဖန်ရေးသမားတွေရဲ့ အမှတ်ပေးမှု အမြင့်ဆုံးရရှိထားတဲ့”One Battle After Another” ဟာ အကောင်းဆုံးဇာတ်ကားဆုအပြင်၊ အကောင်းဆုံးဒါရိုက်တာဆုနဲ့ အကောင်းဆုံးမှီငြမ်းဇာတ်ညွှန်းဆုတို့ကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒီအောင်ပွဲဟာ နာမည်ကျော်ဒါရိုက်တာ ပေါလ် သောမတ်စ် အန်ဒါဆင် အတွက် နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတဲ့ ပထမဆုံးသော အော်စကာရွှေရုပ်တုများ ဖြစ်လာခဲ့ပြီး ပွဲတက်ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုကို ရရှိခဲ့ပါတယ်။

သရုပ်ဆောင်ပိုင်းမှာလည်း အကြိတ်အနယ်ရှိခဲ့ပြီး “Sinners” ဇာတ်ကားမှာ ပြောင်မြောက်စွာ သရုပ်ဆောင်ခဲ့သည့် မင်းသား မိုက်ကယ် ဘီ ဂျော်ဒန် (Michael B. Jordan) က အကောင်းဆုံးမင်းသားဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။

အကောင်းဆုံးမင်းသမီးဆုမှာ “Hamnet” ဇာတ်ကားနဲ့ ဂျက်ဆီ ဘတ်ကလေ (Jessie Buckley) က ဆွတ်ခူးသွားခဲ့ပါတယ်။ သူမဟာ အဆိုပါဆုကို ရရှိတဲ့ ပထမဆုံးသော အိုင်ယာလန်နိုင်ငံသူအဖြစ် သမိုင်းသစ် ရေးထိုးနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

အကောင်းဆုံး ဇာတ်ပို့မင်းသားဆုကို ဝါရင့်မင်းသားကြီး ရှောင်ပန်း (Sean Penn) က One Battle After Another ဖြင့် ထပ်မံရရှိခဲ့ပါတယ်။ အကောင်းဆုံး ဇာတ်ပို့မင်းသမီးဆုကို အေမီ မာဒီဂန် (Amy Madigan) က Weapons ဇာတ်ကားနဲ့ ဆွတ်ခူးခဲ့ပါတယ်။

အခုနှစ်ပွဲစဉ်ဟာ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို ထင်ရှားစေတဲ့ နှစ်တစ်နှစ်လည်း ဖြစ်ခဲ့ပါတယ်။ “Sinners” ဇာတ်ကားရဲ့ ရုပ်ရှင်ဓာတ်ပုံပညာရှင် အော်တမ် ဒူးရိုးလ် အာကာပေါ် (Autumn Durald Arkapaw) ဟာ အော်စကာသမိုင်းတစ်လျှောက် အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု (Best Cinematography) ကို ရရှိတဲ့ ပထမဆုံးသော အမျိုးသမီးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါ့ပြင် နိုင်ငံတကာရုပ်ရှင်ကဏ္ဍမှာလည်း နော်ဝေနိုင်ငံထုတ် “Sentimental Value” ဇာတ်ကားက အကောင်းဆုံးနိုင်ငံတကာရုပ်ရှင်ဆုကို နော်ဝေနိုင်ငံအတွက် ပထမဆုံးအကြိမ်အဖြစ် ရယူပေးနိုင်ခဲ့ပါတယ်။

“Frankenstein” ဇာတ်ကားဟာ ဝတ်စုံဒီဇိုင်း၊ မိတ်ကပ်နဲ့ ဆံပင်ပုံစံ၊ ထုတ်လုပ်ရေးဒီဇိုင်းဆုများအပါအဝင် နည်းပညာပိုင်းဆိုင်ရာ ဆုအများအပြားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

သတင်း-နိုင်ငံတကာသတင်းများ

နောက်ဆုံးရသတင်းများ

စစ်ကောင်စီရဲ့ ဧပြီ ၁ မှာ စတင်မည့် ၂၀၂၆ အခွန်ဥပဒေသစ်၊ စီးကရက်၊ အရက်နဲ့ ဘီယာများအပေါ် အခွန်တိုး

မတ် ၁၆၊ ၂၀၂၆။ Zalen နိုင်ငံအတွင်း ကုန်သွယ်ရေးလုပ်ငန်းများကို စနစ်တကျ ထိန်းညှိနိုင်ရန်နှင့် အခွန်ကောက်ခံမှုစနစ်ကို တိုးတက်ကောင်းမွန်စေရန်အတွက် “၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ” ကို အတည်ပြုပြဋ္ဌာန်းလိုက်ကြောင်း စစ်ကောင်စီရဲ့ နိုင်ငံပိုင်သတင်းစာမှထုတ်ပြန်ထားပါတယ်။ အဆိုပါဥပဒေကို ၂၀၂၆ ...

ဆက်ဖတ်ရန်