မတ် ၁၇၊၂၀၂၆
Zalen
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ မွှန်လီပီကျေးရွာမှာ ယမန်နေ့ မတ်လ ၁၆ ရက်ညနေပိုင်းမှာ မိုးသီးအများအပြားကျ လို့ လူနေအိမ်အမျာအပြား အိမ်ခေါင်မိုးပေါက်ပြဲတဲ့အပြင် အိမ်မွေးကြက်အချို့သေဆုံးတာလည်းရှိတယ်လို့သိရ ပါတယ်။
ယမန်နေ့ ညနေ ၆ :၂၀နာရီခန့်ကစပြီး ထန်တလန်မြို့နယ်၊ ဗိုင်လာမ်တောင်ကြောရှိ မွှန်လီပီကျေးရွာမှာ ယခုလို မိုးသီးကျခြင်းဖြစ်ပြီး နာရီဝတ်ခန့်အကြာ ရွာသွန်းခဲ့တာကြောင့် ရွာထဲရှိအိမ်အများစုကတော့ ခေါင်းမိုးပေါက်ပြဲကြတယ်လို့ ဒေသခံသတင်းအရင်းအမြစ်ကပြောပါတယ်။
မနေ့ကကျတဲ့မိုးသီးများဟာ အရွယ်အစားသိပ်မကြီးပေမယ့် အရမ်းများတာကြောင့် ဒေသခံပြည်သူများအံ့ဩ ခဲ့ကြကြောင်း နဲ့ မွှန်လီပီကျေးရွာမှာသာ မိုးသီးကျခြင်းဖြစ်ပြီးအနီးနားကကျေးရွာတွေမှာတော့ယခုလိုမိုးသီးကျ တာမရှိဘူးလို့သိရပါတယ်။

“မနေ့ကမိုးသီးကျတော့ ခါတိုင်းကျတာနဲ့မတူဘူးအရမ်းများတယ်။ ရွာထဲကအိမ်ခေါင်မိုး အများစုတော့ပေါက်ပြဲ ကြတယ်။ ဒီမနက်တော့ ရွာထဲကအိမ်တိုင်းလိုလို အပေါက်ဖာနေကြတယ်။ ကျွန်တော်မွေးတဲ့ကြက်တွေလည်း ၇ ကောက်လောက်သေကြတယ်။ ရွာထဲမှာတစ်ချို့ကြက်တွေလည်းသေကြတယ်။” လို့ ဒေသခံတစ်ဦးကပြောပါ တယ်။
ယခင်ချင်းဘိုးဘွားများအဆိုအရယခုလိုမိုးသီးရွာသွန်းတာဟာ တောင်ယာအထွက်တိုးတက်တယ်လို့ ယူဆချက် များလည်းရှိနေပါတယ်။
သတင်း – Mickey















