ကလေးမြို့မှာ ဆိုင်ကယ် တစီးကို ဓာတ်ဆီ တသောင်းဖိုးသာ ရောင်းချ

မတ် ၂၄၊ ၂၀၂၆
Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဓာတ်ဆီ ဈေးတွေတက်လာပြီး စက်သုံးဆီ‌ဆိုင်တွေမှာ အကန့်သတ်နဲ့သာ ရောင်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ဓာတ်ဆီ တလီတာကို ၈ထောင်ကျော်အထိ ဈေးတက်နေပြီး ဆိုင်ကယ်တွေကို တစီးကို တသောင်းဖိုးပဲ ထည့်ပေးတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ဓာတ်ဆီဆိုင်တွေမှာ စီတန်း၀ယ်ယူနေကြပြီး ပုံးတွေနဲ့လည်း အကန့်အသတ်နဲ့သာ ရောင်းပေးနေတယ်လို့ ဆိုပါတယ်။

Zalen ad

” ဆိုင်ကယ်တွေကို စ ကန့်သတ်နေပြီ၊ တသောင်းဖိုးပဲ ပေးထည့်တယ်။ တန်းစီရတာနဲ့ မကာမိဘူး။ ပုံးတွေနဲ့လည်း ထည့်ပေးတယ်၊ ကားတွေကတော့ ဆိုင်ကယ်တွေထက် ဆီပိုရတယ်။ ” လို့ ဒေသခံတဦးက ပြောပါတယ်။

မတ်လ ၂၀ရက်ကစပြီး ကလေးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေက ကားနဲ့ ဆိုင်ကယ်တွေကို တားပြီး လိုင်စင်နံပါတ်ပြားပေါ်က စုံ / မ ဂဏန်းတွေကို စစ်ဆေးနေတယ်လို့ သိရပါတယ်။

စက်သုံးဆီအကြပ်အတည်းကြောင့် စစ်ကောင်စီတပ်က ဆီချွေတာရေးအတွက် တရက်ခြားသာ စက်သုံးဆီဝယ်ယူတဲ့ စနစ်တို့ကို သတ်မှတ်ကြေညာထားသလို စုံ/ မ ယာဉ်သုံးစွဲတဲ့စနစ်ကို သတ်မှတ်ထားပါတယ်။

လက်ရှိမှာ စက်သုံးဆီတင်သွင်း ရရှိရေး နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း စစ်ကောင်စီက ပြောထားပါတယ်။

Helen

နောက်ဆုံးရသတင်းများ

ကွန်ဂိုနိုင်ငံက Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေသူကို ကမ္ဘာ့ဖလားပွဲစဉ်မှာ တွေ့မြင်ရ

ဇွန် ၃၀၊ ၂၀၂၆Zalen ကွန်ဂိုနိုင်ငံရဲ့ လွတ်လပ်ရေးခေါင်းဆောင် Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေလေ့ရှိတဲ့ Michel Nkuka Mboladinga ဟာ အာဖရိကနိုင်ငံများဖလား (Africa Cup of Nations) ပြိုင်ပွဲ ...

ဆက်ဖတ်ရန်