မရာနယ်မြေ စခိုင်းကျေးရွာမှာ တိုက်နယ်ဆေးခန်းသစ် MTC က ဖွင့်လှစ်ပေး

မတ်၂၆၊ ၂၀၂၆
Zalen

ချင်းပြည်နယ်၊ မရာနယ်မြေအတွင်းရှိ စခိုင်းကျေးရွာမှာ ဒေသခံပြည်သူမတွေ ကျန်းမာရေးစောင့်ရှောက်မှု အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ပြီး ဆေးခန်းသစ်တစ်ခုကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဆေးခန်းကို မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/MDF) တို့က ဦးဆောင်၍ ကျေးလက်ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

Zalen ad

ဖွင့်ပွဲအခမ်းအနားသို့ MTC/MDF၊ ကျန်းမာရေးနှင့် ပညာရေးဌာနမှ ကိုယ်စားလှယ်ဖြစ်သူ ဦးဘီးဖာ တက်ရောက်ကာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။

အခုလို ဆေးခန်းဖွင့်လှစ်ခြင်းဟာ မရာနယ်မြေအတွင်းမှာ အုပ်ချုပ်ရေးယန္တရားရဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အကောင်အထည်ဖော်ခြင်းဖြစ်ပါတယ်။

ဒါ့အပြင် ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေးလိုအပ်ချက်ကို တိုက်ရိုက်ဖြည့်ဆည်းပေးတာလည်းဖြစ်ပါတယ်။

ယခင်က ကျန်းမာရေးကိစ္စရပ်များအတွက် လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ အဝေးတစ်နေရာသို့ သွားရောက်ကုသနေရသည့် စခိုင်းကျေးရွာသားနဲ့အနီးအနားကျေးရွာက ယခုဆေးခန်းဟာ များစွာအထောက်အကူပြုမည်ဖြစ်ပါတယ်။

“ကျွန်မတို့ဒေသမှာ ကျန်းမာရေးကိစ္စဆိုရင် အတော်လေး အခက်အခဲ ရှိခဲ့ပါတယ်။ အခုလို ဆေးခန်းဖွင့်ပေးလိုက်တော့ မိသားစုဝင်တွေ နေမကောင်းဖြစ်တဲ့အခါ အဝေးကြီး သွားစရာမလိုတော့ဘဲ အချိန်မီ ကုသခွင့်ရတော့မှာပါ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

MTC ဟာ မရာနယ်မြေအတွင်း ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ အထွေထွေဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို လုပ်ဆောင်လျက်ရှိပါတယ်။

သတင်း-ဆလိုင်း

#MTC/MDF#ချင်းပြည်နယ်#မရာနယ်မြေ#စခိုင်းကျေးရွာ#တိုက်နယ်ဆေးခန်း#Zalen

နောက်ဆုံးရသတင်းများ

မတူပီမြို့တွင် လေကြောင်းအန္တရာယ်ကြောင့် လမ်းများ အကန့်အသတ်မရှိ ယာယီပိတ်

မတ် ၂၆၊ ၂၀၂၆ Zalen ချင်းပြည်နယ် မတူပီမြို့တွင် လေကြောင်းတိုက်ခိုက်မှုအန္တရာယ် မြင့်တက်လာနေသဖြင့် မတ်လ ၂၄ ရက်မှစပြီး လမ်းကြောင်းအားလုံးကို MRO/CDF–Matupi မှ အကန့်အသတ်မရှိ ယာယီပိတ်ထားကြောင်း ဒေသခံများထံမှ သိရပါတယ်။ သတင်းပေါက်ကြားမှုများကြောင့် စစ်ကောင်စီဘက်မှ ...

ဆက်ဖတ်ရန်