ငဖဲမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းကို CDF-Asho က ကြားဖြတ်တိုက်ခိုက်ပြီး ၂၀ ဦးထက်မနည်း သေဆုံး

မတ် ၂၇၊ ၂၀၂၆
Zalen

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ချင်းကာကွယ်ရေးတပ်(အရှို) ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ၂၀ ဦးထက်မနည်း သေဆုံးပြီး အများပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၂၅ ရက်၊ နံနက်အစောပိုင်း ၀၀:၁၅ နာရီခန့်မှာ ငဖဲမြို့နယ်အနောက်ဘက် တောရကျောင်းမှာ အခြေစိုက်တဲ့ အင်အား ၅၀ ကျော်ပါ စစ်ကြောင်းကို မန်းချောင်းဆည်အနီးမှာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ CDF-Asho က မနေ့ မတ်လ ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Zalen ad

အဲဒီ တိုက်ခိုက်မှုကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Asho)နဲ့ လူ့ဘောင်သစ်တပ်မတော် (NSA) ပူးပေါင်းတပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်မှ ၂၀ ဦး နေရာမှာတင် သေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ယင်းထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

ကွန်ဂိုနိုင်ငံက Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေသူကို ကမ္ဘာ့ဖလားပွဲစဉ်မှာ တွေ့မြင်ရ

ဇွန် ၃၀၊ ၂၀၂၆Zalen ကွန်ဂိုနိုင်ငံရဲ့ လွတ်လပ်ရေးခေါင်းဆောင် Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေလေ့ရှိတဲ့ Michel Nkuka Mboladinga ဟာ အာဖရိကနိုင်ငံများဖလား (Africa Cup of Nations) ပြိုင်ပွဲ ...

ဆက်ဖတ်ရန်