တွန်းဇံမြို့ကို စစ်‌‌ကောင်စီပူးပေါင်းတပ်တွေက တီးတိန်နဲ့ ကျီခါးမှ စစ်ကြောင်း နှစ်ဖက်ညှပ်စစ်ကြောင်းထိုး

မေ ၁၅၊ ၂၀၂၆

Zalen

Zalen ad

ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ZRA ပါ၀င်တဲ့ စစ်ကောင်စီ ပူးပေါင်းတပ်တွေဟာ တီးတိန်မြို့ကနေ တွန်းဇံဘက်ကို စစ်ကြောင်းထိုးလာသလို ZRA တပ်တွေက ကျီးခါးဘက်ကနေ တွန်းဇံမြို့ဘက်ကို စစ်ကြောင်းထပ်ထိုးလာတယ်လို့ သိရပါတယ်။

တွန်းဇံမြို့ကို အင်အား အလုံးအရင်းနဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေက နှစ်ဖက်ညှပ်စစ်ကြောင်းထိုးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

တီးတိန်မြို့က ထွက်လာတဲ့ အင်အား ၈၀၀ ၀န်းကျင်ပါ စစ်ကြောင်းဟာ တီးတိန်- တွန်းဇံ လမ်းပိုင်းပေါ်ရှိ Tung Tuang ကျေးရွာအနီးကို ရောက်ရှိနေပြီး ချင်းတော်လှန်ရေးတပ်တွေနဲ့ ထိတွေ့ တိုက်ပွဲတွေ ရှိနေပါတယ်။

ကျီခါးဘက်က တက်လာတဲ့ ZRA စစ်ကြောင်းကတော့ ကျီခါး- တွန်းဇံလမ်းပိုင်းပေါ်က Mualkawi ကျေးရွာကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

” စစ်ကြောင်းက နှစ်ကြောင်းနဲ့ နှစ်ဖက် ညှပ်ထိုးတာဆိုတော့ မြို့ပေါ်က ဒေသခံတွေက စစ်ရှောင်နေကြပြီ။ ‌လောလောဆယ် နှစ်ဖက် ထိတွေ့မှုတွေ ရှိနေတယ်။ အင်အားက တော်တော်များတယ်။ ” လို့ စစ်ရေးအခြေအနေသိတဲ့ ဒေသခံတဦးက ပြောပါတယ်။

မေ ၁၃ ရက်နေ့မှာ တီးတိန်မြို့က ထွက်လာတဲ့ စစ်ကောင်စီတပ် နဲ့ ZRA ပူးပေါင်း စစ်ကြောင်းဟာ ဇလွီးချောင်းအနီးမှာ ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

 မေလ ၁၁ ရက်နေ့ကစလို့ တီးတိန်-တွန်းဇံ လမ်းပိုင်းကို CDF တွန်းဇံအဖွဲ့က အကန့်အသတ်မရှိ ပိတ်ထားပါတယ်။

Helen

နောက်ဆုံးရသတင်းများ

ထန်တလန်မှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက အဆိပ်ပါတဲ့ဗုံးများပါအသုံးပြုလာ

ဇွန် ၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေကြား နေ့စဉ် ရက်ဆက်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်က အဆိပ်ပါတဲ့ဗုံးတွေပါအသုံးပြုလာနေ တယ်လို့ သတင်းအရင်းအမြစ်တွေကပြောကြပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ဇွန်လ ဆန်းပိုင်းကနေစလို့ ဟားခါးမြို့ကနေ ထန်တလန်မြို့ဘက်ကို စစ်အင်အား ၃၀၀ ...

ဆက်ဖတ်ရန်