အိန္ဒိယကို မူးယစ်ဆေးဝါးတင်သွင်းမှုရဲ့ အဓိကကြိုးကိုင်သူ မြန်မာနိုင်ငံသား နယူးဒေလီမှာဖမ်းဆီးခံရ

မေ ၁၈၊ ၂၀၂၆

Zalen

မြန်မာနိုင်ငံကနေတဆင့် အိန္ဒိယဘက်ကို မူးယစ်ဆေးဝါးတင်သွင်းမှုရဲ့ အဓိကကြိုးကိုင်သူ မြန်မာနိုင်ငံသားကို နယူးဒေလီမှာ ပြီးခဲ့တဲ့ မေလ ၁၆ ရက်၊ စနေနေ့ မနက် ၁၁ နာရီခွဲဝန်းကျင်မှာ ဖမ်းမိခဲ့ကြောင်း ဒေသတွင်းသတင်း များရဲ့ဖော်ပြချက်အရသိရပါတယ်။

အဆိုပါအမျိုးသားဟာ ၊ ချင်းပြည်နယ်၊ Bulfek ရွာသား ထန်းကျင်သွာန်း ( Thancintuang) လို့သိရပြီး မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို ( Narcotics Control Bureau – NCB ) ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတာဖြစ်ပါ တယ်။

Zalen ad

ထန်းကျင်သွာန်း ( Thancintuang) ဟာ မြန်မာနိုင်ငံကနေတစ်ဆင့် ဘိန်းဖြူ နဲ့ စိတ်ကြွဆေးပြားများကို မီဇိုရမ်၊ မဏိပူရ်၊ အာသံပြည်နယ်နဲ့ ထရီပူရားပြည်နယ်တို့ကိုတင်ပို့လေ့ရှိသူဖြစ်ပြီး ယခင်ကတည်းက သူ့ကိုဖမ်းဆီးနိုင်ရန် NCB က စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာကနေ တင်ပို့လာတဲ့ အဆိုပါမူးယစ်ဆေးများဟာ မီဇိုရမ်၊ အာသံ၊ မဏိပူရ် နဲ့ ထရီပူရား ပြည်နယ်များကို ဖြတ်ပြီးအဲ့ကနေတဆင့် အိန္ဒိယဘက်နဲ့ ဘင်္ဂလားဒေ့ရှ် အထိလိုက်ဖြန့်ကျက်တင်ပို့ကြတယ်လို့သိရပါ တယ်။

ထန်းကျင်သွာန်း ( Thancintuang) ကို NCB အပြင် မူးယစ်ဆေးဝါးဥပဒေစိုးမိုးရေးအေဂျင်စီ (DLEA) တို့က မူးယစ်ဆေးနဲ့စိတ်ကိုပြောင်းလဲစေနိုင်သောဆေးဝါးများအက်ဥပဒေ ၁၉၈၅ ဖြင့်အမှုဖွင့်ကြတယ်လို့သိရပါတယ်။

၂၀၂၄ ခုနှစ်တုန်းက ၊ မီဇိုရမ်ပြည်နယ်၊ Khawzawl ခရိုင်၊ Dulte ကျေးရွာအတွင်း ဘိန်းဖြူ ၂.၈ ကီလိုဂရမ် နဲ့ စိတ်ကြွဆေးပြား ၁၄ ကီလိုဂရမ် ဖမ်းဆီးမှု နဲ့ မနှစ်က ၂၀၂၅ မှာ အိုင်ဇောလ်ခရိုင်အတွင်း စိတ်ကြွဆေးပြား ၄၉.၁ ကီလိုဂရမ်ဖမ်းဆီးမှုရဲ့ အဓိကကြိုးကိုင်သူ ဖြစ်တယ်လို့လည်းသိရပါတယ်။

၎င်းဦးဆောင်ပြီးတင်ပို့ခဲ့တဲ့ မူးယစ်ဆေးများရဲ့ ကာလပေါက်စျေးမှာ ရူပီး သန်းပေါင်း ၁၂၀ ခန့်ရှိတယ်လို့လည်းသိရပါ တယ်။

သတင်း – Mickey

ပုံအညွှန်း – ထန်းကျင်သွာန်း ( Thancintuang)ဦးဆောင်တင်ပို့ခဲ့တဲ့ မူးယစ်ဆေးမီဇိုရမ်မှာဖမ်းမိစဉ်

ဓါတ်ပုံ – လူမှုကွန်ယက်

နောက်ဆုံးရသတင်းများ

အာဖရိကမှာ အီဘိုလာဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် W.H.O က ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာ

မေ ၁၈၊ ၂၀၂၆ Zalen အာဖရိကတိုက်က ကွန်ဂိုနဲ့ ယူဂန်ဒါနိုင်ငံတို့မှာ အီဘိုလာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (W.H.O.) က ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် စနေနေ့မှာ အရေးပေါ် သတ်မှတ်ကြေညာလိုက်ပါတယ်။ ကွန်ဂိုနိုင်ငံ ...

ဆက်ဖတ်ရန်