ဇွန် ၂၄၊ ၂၀၂၆
Zalen

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ဝိတုပ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပစ်ကူ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသသတင်းအရင်အမြစ်များကဆိုပါတယ်။

ဇွန်လ ၂၃ ရက်နေ့နေ့လည်က ဝိတုပ်ကျေးရွာမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီက လေကြောင်းနဲ့ အခုလို ပစ်ကူဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
” ဂျက်ဖိုက်တာဗုံးလာချတာ နေ့လည်လောက်မှာ။ နှစ်ကြိမ်ချသွားတာ။ ဗုံးသီးက တစ်ကြိမ်တစ်လုံးချသွားတာ ၂လုံးပေါ့။ အထိအခိုက်တော့မရှိဘူး။ မနေ့က မနက်ပိုင်းမှာတိုက်ပွဲဖြစ်တယ်။ သူတို့ဘက်က အထိနာနေတဲ့သဘောပေါ့” လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက Zalen ကိုပြောပါတယ်။
ယမန်နေ့မနက်ပိုင်းက ထိုးစစ်ဆင်နေတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုဘက်က အထိနာနေလို့အခုလို လေကြောင်းနဲ့ ဗုံးကြဲပစ်ကူခဲတာလို့ဆိုပါတယ်။
အဲဒီဝိတုပ်တိုက်ပွဲမှာ တော်လှန်ရေးအင်အားစုများက စစ်ကောင်စီတပ်သား အလောင်း၊ အရှင်မိတာနဲ့ လက်နက်အချို့သိမ်းစည်းရမိတယ်လို့ သိရပြီး အရေအတွက်ကိုတော့ အင်တာနက်၊ ဖုန်းလိုင်း အခက်ခဲကြောင့် အသေးစိပ်မသိရသေးပါ။
ဝိတုပ်ကျေးရွာကို ဇွန်လ ၁၆ ရက်နေ့ကစပြီး စစ်အုပ်စုက လေကြောင်းနဲ့ ပစ်ကူဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဇွန်လ ၁၆ ရက်နေ့မှာ ဗုံးသီး (၃) လုံး၊ ၁၇ ရက်နေ့မှာ ဗုံးသီး (၁) လုံး၊ ၁၈ ရက်နေ့မှာ ဗုံးသီး (၂) လုံးနဲ့ ဇွန်လ ၂၃ ရက်နေ့မှာ ဗုံးသီး (၂) နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီလို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဝိတုပ်ကျေးရွာကို (၄)ရက်တိတိ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွင် ဇွန်လ ၁၈ရက်နေ့ လေကြောင်းတိုက်ခိုက်မှုတွင် ဝိတုပ်ကျေးရွာ ဘုန်းကြီးကျောင်းနဲ့ ဒေသခံပြည်သူ့နေအိမ် ၅လုံးကျော် ဗုံးသီးထိမှန် ပျက်ဆီးသွားတယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်များက ကလေး-တမူးလမ်းပိုင်းရှိ ဝိတုပ်ကျေးရွာကို ၁ပတ်ကျော်ကြာထိုးစစ်ဆင်တိုက်ခိုက်နေပေမယ့် ၎င်းတို့ဘက်က ထိခိုက်၊ သေဆုံးမှုများပြာနေတယ်လို့သိရပါတယ်။
သတင်း – S-P
ပုံစာ-ဝိတုတ်ကျေးရွာလမ်းအားတွေ့ရစဉ်။
ဓာတ်ပုံ – ပုံဟောင်း












