ကလေးမြို့မှာ ခရစ်ယာန်ဘုန်းတော်ကြီးကျောင်း မီးလောင်

ကလေးမြို့မှာ ခရစ်ယာန်ဘုန်းတော်ကြီးကျောင်း မီးလောင်
ကလေးမြို့ သဇင်ရပ်ကွက်၊ နယ်မြေ(၄)တွင်ရှိတဲ့ ခရစ်ယာန် ကျမ်းစာသင်တန်းကျောင်းအိပ်ဆောင်တစ်လုံးဟာ နေ့လည် (၁း၁၅)နာရီမှာ မီးလောင်သွားကြောင်းသတင်းရရှိပါသည်။
ယင်းကဲ့သို့ မီးလောင်ရခြင်းမှာ ကျောင်းအတွင်းအသုံးပြုထားတဲ့ အင်ဗာတာအပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းသွားကြောင်း ကလေးခရိုင်မီးသတ်ဦးစီးမှူးရုံးမှတ်တမ်းအရသိရပါသည်။
သေဆုံးသူနှင့် ဒဏ်ရာရရှိသူမရှိပေမယ့် ကျောင်းအိပ်ဆောင် အပေါ်ဆုံးထပ်ရှိ မျက်နှာကျက်၊ ကြမ်းခင်းနျင့် နံရံအကာများ မီးလောင်သွားပါသည်။
ယင်းမီးကို မီးသတ်တပ်ဖွဲ့ဝင် (၄၃)ဦး၊ မီးငြိမ်းသတ်ယာဉ်(၉)စီး၊ ရေသယ်ယာဉ် (၄)စီးတို့ဖြစ်မီးငြိမ်းရာ နေ့လည်း (၁း၅၀)နာရီခန့်တွင် ငြိမ်းသွားပါသည်။
ထို့ကြောင့် ခရစ်ယာန်ကျမ်းစာသင်တန်းကျောင်းအိပ်ဆောင် တာဝန်ရှိသူ ခရစ်ယာန်ဘုန်းတော်ကြီး ပေါင်ကမ်မုန်အား ရဲစခန်း(ပ)အမှတ်၊ /၂၀၁၉(၂၈၅)ဖြင့် ကလေးမြို့မရဲစခန်းတါင် အရေးယူဆောင်ရွက်ထားပါသည်။

နောက်ဆုံးရသတင်းများ

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ချင်းပြည်နယ်ဒေသခံတွေရဲ့ လူမှုဘဝနဲ့ စိတ်ကျန်းမာရေး ထိခိုက်မှုတွေ ကြုံတွေ့နေ

ဇွန် ၂၃၊ ၂၀၂၆Zalen ချင်းပြည်နယ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူတွေရဲ့ လုံခြုံရေး၊ လူမှုစီးပွားဘဝနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးမှာ စိုးရိမ်ဖွယ်ရာ အခြေအနေကို ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ ...

ဆက်ဖတ်ရန်