ရိခေါ်ဒါရ်မြို့တွင် မြေပြို၍ မုဆိုးမအိမ်တစ်လုံးပျက်စီး

ရိခေါ်ဒါရ်မြို့တွင် မြေပြို၍ မုဆိုးမအိမ်တစ်လုံးပျက်စီး

Photo: Salai Cuang

ချင်းပြည်နယ် အိန္ဒိယ – မြန်မာနယ်စပ် ရိခေါ်ဒါရ်မြို့တွင် ယနေ့ နံနက် ၂ နာရီခန့်တွင် မုဆိုးမအိမ်တစ်လုံးပေါ်သို့ မြေပြိုကျသဖြင့် ပျက်စီးသွားကြောင်း သတင်းရရှိပါတယ်။

မြေပြိုကျစဉ် ယင်းအိမ်တွင် လူကြီးနဲ့ ကလေး ၅ ယောက်အိပ်ကြတယ်ပြီး ဒဏ်ရာရတဲ့သူနဲ့ အသေအပျောက်မရှိဘူးလို့သိရပါတယ်။

ဒေသခံတစ်ဦးက “သူတို့အိမ်ဆောက်တဲ့နေရာက ဒီနှစ်မှာအသစ်ဖောက်ထားတဲ့ လမ်းဆိုတော့ မြေသားက မခိုင်သေးဘူး။ မနေ့ညကလည်း မိုးသိပ်မရွာတာ ကံကောင်းတယ်ပြောရမှာပေါ့နော်။ မိုးများရင်တော့ ပိုအန္တရာယ်များမယ်။ အခု မြို့သူ၊မြို့သားတွေက အိမ်ကိုလုပ်အားပေးနဲ့ ဖျက်ပေးနေတယ်” လို့ပြောပါတယ်။

Zalen ad

ယင်းအိမ်ဟာ အောက်ထပ် နံကပ်၊ အပေါ်ထပ် သွပ်မိုးအကာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဆိုင်ကယ်တွေကို လိုင်စင်နံပါတ် စုံ ၊ မ ဂဏန်းတွေ စတင်စစ်ဆေး

မတ် ၂၁၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေက လေဆိပ်ရှေ့မှာ ကားနဲ့ ဆိုင်ကယ်တွေကို တားပြီး လိုင်စင်နံပါတ်ပြားပေါ်က စုံ / မ ဂဏန်းတွေကို စစ်ဆေးနေတယ်လို့ သိရပါတယ်။ မတ်လ ၂၀ရက် မနေ့က ...

ဆက်ဖတ်ရန်