ဇန်နဝါရီလအတွင်းတိုက်ပွဲမှာ စစ်ကောင်စီ ၈၁ ဦးသေဆုံးပြီး ၆၀ ကျော်ဒဏ်ရာရဟု CNDF ထုတ်ပြန်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ CNDF တပ်တို့ တိုက်ပွဲ ၁၂ ကြိမ်ဖြစ်ပွားရာ စစ်ကောင်စီ ၈၁ ဦးသေဆုံးပြီး ၆၀ ကျော်ဒဏ်ရာရဟု CNDF သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနက ယနေ့ ဖေဖော်ဝါရီ ၃ ရက်ကထုတ်ပြန်လိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ အင်အား ၃၀၀ ခန့်ဟာ ဇန်နဝါရီလ ၆ ရက်ကစပြီး ဖလမ်းမြို့နယ်ထဲသို့ ဝေဘူလမြို့ဘက်ကနေထိုးစစ်ဆင်လာရာ CNDF တပ်ကခုခံတိုက်ခိုက်ကြပါတယ်။

တိုက်ပွဲဖြစ်ပွါးတဲ့ အနီး (၈) နေရာခန့်တွင် စစ်တပ် အလောင်းများ ပုံထားတာကိုတွေ့ရပြီး CNDF မှ (၆၀) မမ၊ (၄၀) မမ နဲ့ ကျည်အများအပြား သိမ်းဆည်းခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

CNDF ဘက်မှ မိုင်းရှင်းလင်းစဉ် ဒဏ်ရာရသူတဦးအပါအဝင် တိုက်ပွဲအတွင်း ဒဏ်ရာရသူ စုစုပေါင်း (၈) ဦးအထိရှိခဲ့ပြီး၊ CNDF သူရဲကောင်း (၁)ဦး ကျဆုံးခဲ့ပါတယ်။

Zalen ad

Zawgyi

ဇန္နဝါရီလအတြင္းတိုက္ပြဲမွာ စစ္ေကာင္စီ ၈၁ ဦးေသဆံုးၿပီး ၆၀ ေက်ာ္ဒဏ္ရာရဟု CNDF ထုတ္ျပန္

ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕နယ္အတြင္း ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလအတြင္းမွာ အာဏာသိမ္းစစ္ေကာင္စီတပ္နဲ႔ CNDF တပ္တုိ႔ တုိက္ပြဲ ၁၂ ၾကိမ္ျဖစ္ပြားရာ စစ္ေကာင္စီ ၈၁ ဦးေသဆံုးၿပီး ၆၀ ေက်ာ္ဒဏ္ရာရဟု CNDF သတင္းျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးဌာနက ယေန႔ ေဖေဖာ္ဝါရီ ၃ ရက္ကထုတ္ျပန္လိုက္ပါတယ္။

အာဏာသိမ္းစစ္ေကာင္စီတပ္ဟာ အင္အား ၃၀၀ ခန္႔ဟာ ဇန္နဝါရီလ ၆ ရက္ကစၿပီး ဖလမ္းၿမိဳ႕နယ္ထဲသို႔ ေဝဘူလၿမိဳ႕ဘက္ကေနထိုးစစ္ဆင္လာရာ CNDF တပ္ကခုခံတိုက္ခိုက္ၾကပါတယ္။

တိုက္ပြဲျဖစ္ပြါးတဲ့ အနီး (၈) ေနရာခန္႔တြင္ စစ္တပ္ အေလာင္းမ်ား ပုံထားတာကိုေတြ႕ရၿပီး CNDF မွ (၆၀) မမ၊ (၄၀) မမ နဲ႔ က်ည္အမ်ားအျပား သိမ္းဆည္းခဲ့တယ္လို႔ ထုတ္ျပန္ခ်က္ထဲမွာေဖာ္ျပထားပါတယ္။

CNDF ဘက္မွ မိုင္းရွင္းလင္းစဥ္ ဒဏ္ရာရသူတဦးအပါအဝင္ တိုက္ပြဲအတြင္း ဒဏ္ရာရသူ စုစုေပါင္း (၈) ဦးအထိရွိခဲ့ၿပီး၊ CNDF သူရဲေကာင္း (၁)ဦး က်ဆုံးခဲ့ပါတယ္။

 

 

နောက်ဆုံးရသတင်းများ

ကမ္ဘာ့မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးနိုင်ငံအဖြစ် မြန်မာက ထိပ်ဆုံးရောက်ရှိ

ဖေဖော်ဝါရီ ၂၇၊ ၂၀၂၆ Zalen မြန်မာနိုင်ငံဟာ ကမ္ဘာတဝန်းမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် စံချိန်တင် ရောက်ရှိသွားတယ်လို့ Landmine and Cluster Munition Monitor ရဲ့ ၂၀၂၅ ခုနှစ် အစီရင်ခံစာသစ်က ...

ဆက်ဖတ်ရန်