ကပ်တဲလ်ရွာမှာ ဇနီးဘက်ကဆွေမျိုးတွေရိုက်သတ်လို့ ခင်ပွန်းသေဆုံး

ဇနီးဘက်က ဆွေမျိုးတွေရိုက်နှက်လို့ ခင်ပွန်းဖြစ်သူသေဆုံးသွားရတဲ့ လူသတ်မှုဖြစ်စဉ်တစ်ခု ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကပ်တဲလ်( Kaptel) ကျေးရွာမှာ ဖြစ်ပွားခဲ့ပါတယ်။

ကပ်တဲလ်ရွာသား ဦး Pau Lian Mang မှာ ဇနီးနဲ့အတူ မကြာသေးခင်က သားသမီးရတနာဖွားမြင်ထားသူဖြစ်ရာ လင်မယားကိစ္စနဲ့စိတ်ကောက်ကြပြီးနောက် ဇနီးက ကလေးနဲ့အတူ မိဘများနေအိမ်ဆင်းသွားခဲ့တာလို့ ဆိုပါတယ်။

ယင်းအတွက်ကြောင့် ဖေဖော်ဝါရီ ၂၁ ရက်မှာ အိမ်ပေါ်မှဆင်းသွားတဲ့ ဇနီးကိုပြန်ချော့မော့ခေါ်ဖို့ ယောက္ခမတွေဆီ ဦး Pau Lian Mang သွားခဲ့ရာကနေ ရန်ဖြစ်ကြပြီး ရိုက်သတ်ခံလိုက်ရတာလို့ မျက်မြင်တွေဆီက သိရပါတယ်။

သူတို့လင်မယားကြား ကြီးကြီးကျယ်ကျယ်ရန်ဖြစ်ပွားမှုတွေမရှိပေမယ့် အခန့်မသင့်စိတ်ကောက်သွားတာမျိုးသာရှိတတ်တယ်လို့ လည်း အနီးပတ်ဝန်းကျင်နေထိုင်သူတွေက ပြောပါတယ်။

Zalen ad

ဒါပေမယ့် ယောက္ခမတွေဘက်က သမီးဖြစ်သူနဲ့ ဦး Pau Lian Mang ကို သဘောမတူတဲ့ပုံစံမျိုးဖြစ်ကြောင်း ပတ်ဝန်းကျင်အတွင်းသတင်းသိသူတွေဆီက သိရပြီး ပြန်ချော့ခေါ်တဲ့နေ့က ယောက္ခမကိုယ်တိုင် “အဲဒီကောင်ကို သတ်ပစ်လိုက်” ဆိုပြီး ပြောခဲ့တာကနေ ယောက္ခမတွေဘက်က အမျိုးသား ၃ ယောက်တို့ကနေ ရိုက်သတ်လိုက်တာလို့ ဒေသတွင်းသတင်းမီဒီယာကလည်း အတည်ပြုထားပါတယ်။

ဒီလူသတ်မှုဖြစ်စဉ်ကြောင့် ကျူးလွန်သူတွေဘက်က တောင်းပန်မှုကို ထုံးစံနဲ့အညီ ဝက်တစ်ကောင်နဲ့ ဆန်တစ်အိမ် ကန်တော့ခဲ့ကြေအေးစေခဲ့တယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

နောက်ဆုံးရသတင်းများ

မီဇိုရမ်ပြည်နယ်ရဲ့ နေရာအချို့မှာ မိုးရွာသွန်းမှုနဲ့ လေပြင်းတိုက်ခတ်မှုတို့ကြောင့် ထိခိုက်ပျက်စီးမှုများ ရှိခဲ့တယ်လို့ ပြည်နယ်ဝန်ကြီးချုပ်ပြောကြား

ဧပြီ ၂၈၊ ၂၀၂၆ Zalen အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရဲ့ နေရာအချို့မှာ ယမန်နေ့ ဧပြီ ၂၇ရက်နေ့ က မိုးသည်း ထန်စွာ ရွာသွန်းမှုနဲ့ လေပြင်းတိုက်ခတ်မှုတို့ကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma ရဲ့ ...

ဆက်ဖတ်ရန်