ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ လို့ လက်နက်ခဲယမ်းမျိုးစုံနဲ့ စစ်သား ၁၅ ဦးအရှင်ဖမ်းဆီးရမိ

နိုဝင်ဘာ ၁၃၊ ၂၀၂၅။

Zalen

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီရဲ့ စစ်ကြောင်းတိုက်ခိုက်ခံရလို့ စစ်ကြောင်းတစ်ခုလုံးပျက်ဆီးသွားပြီး လက်နက်၊ ခဲယမ်းမျိုးစုံနဲ့ စစ်သား ၁၅ဦး အရှင်ဖမ်းဆီးရမိတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၁၂ရက်နေ့ က ကန့်ဘလူမြို့နယ်၊ ဝက်တိုးခွေးခြံကနေထွက်လာတဲ့ တပ်မ ၃၃ လက်အောက်ခံ ခလရ ၁၁၁ နဲ့ ပျူစောထီးအင်အား (၁၀၂) စစ်ကြောင်းကို ကာဘိုတိုက်နယ်၊ ယင်းတိုက်နယ်ကျေးရွာ အနီးမှာ အခုလိုတိုက်ခိုက်ခံရတာဖြစ်ပါတယ်။

အဆိုပါ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူပေါင်းစစ်ကြောင်းကို ရေဦးမြို့နယ် ပကဖ၊ ရေဦးမြို့နယ် လက်ရုံးတပ်နဲ့ ခင်ဦးမြို့နယ် တော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး မနက် ၈နာရီ၄၅မိနစ်ခန့်မှာ အနီးကပ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ စစ်ကြောင်းတစ်ခုလုံးပျက်ဆီးသွား ခဲ့ တာဖြစ်ပါတယ်။

အခုလို ကြားဖြတ် တိုက်ခိုက်မှုတွင် တပ်မ ၃၃ ဗျူဟာမူးအလောင်းနဲ့ စစ်ကောင်စီတပ်သား ၁၅ ကို အရှင်ဖမ်းမိခဲ့သလို MA 1(၂)လက်၊ MA 3(၂)လက် ၊ MA 4(၁)လက်၊ G 3(၇)လက်၊ MA 6(၁) လက်၊ MA n (၁) လက်၊ ကာဘိုင် (၅) လက်၊ စလေယာ (၁) လက်၊ လေးလက်ဒရုန်း (၁)စီး၊ ဂျမ်ဘာ အကြီး (၁) လုံး၊ ပါဝါစတေရှင်(၁)လုံး၊ လက်တော့ပ် (၁)လုံး၊ 40သီး(၁) လုံးနဲ့ အီနာဂါ (၃) လုံးတို့ကို ကနဦးသိမ်းဆည်းရရှိထားတယ်လို့ သိရပါတယ်။

အခုလိုကြားဖြတ်တိုက်ခိုက်ခံရလို့ အထိနာနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို စစ်ကူပေးရန် နမခကနေတက်လာတဲ့ ဂျိူင်ရိုကော်ပတာ (၃) စီးက ခင်ဦး၊ ကန့်ပလူနယ်စပ်ကို လေကြောင်းနဲ့ (၂) ကြိမ်တိုက်ခိုက်ခဲ့ပေမယ့် တော်လှန်ရေးအင်အားစုများ ထိခိုက်ဒါဏ်ရာ ရရှိမှုမရှိဘူးလို့သိရပါတယ်။

သတင်း – မိုက်သီး

ပုံစာ – သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများအားတွေ့ရစဉ်။

ဓာတ်ပုံ – ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ်မှာ ထိန်းသိမ်းခံရတဲ့ ကျောင်းသူနှစ်ဦး တပတ်ကြာထိ ပြန်မလွတ်သေး

ဒီဇင်ဘာ ၈၊ ၂၀၂၅ ။ Zalen ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အသက်မပြည့်သေးတဲ့ ကျောင်းသူ ၂ ဦးဟာ တပတ်ကြာထိ ထိန်းသိမ်းခံရပြီး ပြန်မလွတ်ပေးသေးဘဲ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။ အဲဒီကျောင်းသူ ၂ ...

ဆက်ဖတ်ရန်