ကန်ပက်လက်မြို့နယ်တွင်လေကြောင်းဖြင့် လူနဲ့ လက်နက်အင်အားဖြည့်တင်းနေတာကြောင့် ပုန်းခိုကျင်းကြိုတင်တူးကြဖို့ ပြည်သူများထံ CDF-Kanpetlet ကတိုက်တွန်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် CDF-Kanpetlet တပ်ဖွဲ့နဲ့ စစ်ကောင်စီကြား ယနေ့ အောက်တိုဘာ ၂၀ ရက် မနက် ၈ နာရီကနေ ၁၂ နာရီထိ တိုက်ပွဲဖြစ်ပွားတယ်လို့ CDF-Kanpetlet ကထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ အထိနာတာကြောင့် ကန်ပက်လက်မြို့တွင်းနဲ့ အနီးနားကကျေးရွာတွေကို လက်နက်ကြီးဖြစ် တရစပ်ပစ်ခတ်ကြပါတယ်။ ဒါပေမယ့် လူနေအိမ်ထိခိုက်မှုတော့ မသိရသေးပါ။

ဒါ့ပြင် စစ်ကောင်စီတပ်သားတွေဟာ လက်ရှိ ကန်ပက်လက်မြို့နဲ့ ကျင်ဒွေးမြို့မှာ လေကြောင်းဖြင့် လက်နက်နဲ့ လူအင်အား ဖြည့်တင်းနေတာကြောင့် တိုက်ပွဲဆက်လက်ပြင်းထန်မယ်လို့ ခန့်မှန်းရပါတယ်။

ဒါကြောင့် ပြည်သူများအနေနဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှု ရှောင်ရှားနိုင်ရန် ပုန်းခိုကျင်းများ ကြိုတင်တူးဖော်ပြင်ဆင်ထားကြဖို့ အလေးအနက်တိုက်တွန်းကြောင်း CDF-Kanpetlet ကထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းများ

ဒေါ်လာ၁၂သန်းကြောင့် အမေရိကန်ထောက်ပို့ကို CNA/CNF လုပ်ကြံအစ​ဖျောက်ဆိုတဲ့ သတင်းအမှား

မေ ၁၊ ၂၀၂၅။ Zalen အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ ချင်းပြည်ကောင်စီ အမေရိကန်ထောက်ပို့ Pu Van Uk Cung ကို ဒေါ်လာ ၁၂ သန်းကြောင့် CNF/CNA ကလုပ်ကြံ အစဖျောက်ဆိုတဲ့ သတင်းကို နေပြည်တော်အမည်ရှိ ...

ဆက်ဖတ်ရန်