ကလေးတောင်ပိုင်းမှာ တိုက်ပွဲ ပြင်းထန်ပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ

၁၃၊ ဖေဖော်ဝါရီ၊ ၂၀၂၅

Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း ကလေး- ဂန့်ဂေါ လမ်းမပေါ်ရှိ မဏိပူရ်မြစ်ကူး ကမ္ဘာနီတံတားအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၁၁ရက်နေ့ကစပြီး တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၃နေ့ ဒီနေ့အထိ တိုက်ပွဲ ဆက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီး ခုခံနေတယ်လို့ အခြေနေတွေကို သိတဲ့ ဒေသခံတွေက ပြောပါတယ်။

Zalen ad

မနေ့ညပိုင်းက စစ်ကောင်စီတပ်ဟာ Y12 လေယာဉ်နဲ့ ဗုံးသီး အလုံး သုံးဆယ်ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေအပြင် ရွာတွေပါ ပတ်ကြဲနေတယ်။ ဒီမနက် ဟားခါးလေးရွာ အပါအဝင် တခြားရွာတွေကို ကြဲတယ်။ ဒေသခံတွေကတော့ တောတောင်တွေထဲရှောင်ကြရတယ်။ ဟားခါးလေးမှာက လူအထိအခိုက်ရှိတယ်လို့ ကြားပေမယ့် သေချာမသိရသေးပါဘူး။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က သေဆုံးထိခိုက်မှုတွေ ရှိနေပြီး စစ်ကောင်စီဘက်ကလည်း သေဆုံးမှုအများအပြားရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ တိုက်ပွဲတွေကြောင့် ကလေးမြို့နယ်တောင်ပိုင်းက ရှားဖိုရွာ၊ အရှေ့စည်းရွာ၊ ဒိုးနွယ်ရွာ စတဲ့ ကျေးရွာတွေက ဒေသခံတွေ ထောင်နဲ့ ချီ ထွက်ပြေးနေရပါတယ်။

ကလေးတောင်ပိုင်းနဲ့ ဂန့်ဂေါမြောက်ပိုင်းမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံကျေးရွာ ၁၂ ရွာကို ဒေသကာကွယ်ရေးတပ်က တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက် စစ်ကောင်စီက ကလေးနယ်တောင်ပိုင်းက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလကုန်မှာ တော်လှန်ရေးကွယ်ရေးတပ်က ရန်ကြီးအောင်စခန်းသိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်သားတွေက ကဗ္ဗနီစခန်းကနေ ထွက်ပြေးသွားခဲ့ပြီးနောက် တော်လှန်ရေးတပ်တွေက ကမ္ဘာနီစစ်စခန်းကို ယာယီထိန်းချုပ်နိုင်ခဲ့ပေမဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကုန်မှာ စစ်ကောင်စီလက်ထဲ ပြန်လည် သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

Rosy

နောက်ဆုံးရသတင်းများ

အိန္ဒိယ-မြန်မာနယ်စပ်မှာ ကူကီးအမျိုးသားတပ်မတော်၊မြန်မာပြည် ( KNA-B) တပ်ဖွဲ့ဝင် ၄ ဦးသတ်ဖြတ်ခံရ

ဧပြီလ ၁၃၊ ၂၀၂၆ Zalen အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်နဲ့ မြန်မာနယ်စပ်မှာ ကူကီးအမျိုးသားတပ်မတော်၊မြန်မာပြည် ( KNA-B) တပ်ဖွဲ့ဝင် ၄ ဦးသတ်ဖြတ်ခံရတယ်လို့ ဒေသတွင်းသတင်းမှာဖော်ပြထားပါတယ်။ အိန္ဒိယ-မြန်မာနယ်စပ်မှာ  နာဂလင်အမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-IM) လို့ ယူဆရတဲ့ သံသယရှိ ...

ဆက်ဖတ်ရန်