ကလေးမြို့က ၃ရက်အတွင်း CDM ကျောင်းဆရာ အပါအဝင် ၆ ဦးဖမ်းဆီးခံရ

ကလေးမြို့ အောင်မြေမာန်ရပ်ကွက်က CDM ပြုလုပ်တဲ့ ကျောင်းဆရာ ဦးမျိုးမင်းအောင်နဲ့ ဇနီး ဒေါ်စန္ဒာ တို့ဟာ ယမန်နေ့ဖေဖော်ဝါရီ ၁၆ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခံရတယ်လို့သတင်းရရှိပါတယ်။

ဆရာ ဦးမျိုးမင်းအောင်ဟာ ကလေးမြို့ အထက (၁) မှာ အလယ်တန်းပြဆရာတစ်ဦးဖြစ်ပြီး ဇနီးဟာ နတ်ချောင်းလမ်းတွင် မုန့်ဟင်းခါးဆိုင်ဖွင့်လှစ်ရောင်းချပါတယ်။

စစ်ကောင်စီတပ်သားအများအပြားက ဆရာမျိုးမင်းအောင်တို့အိမ်ကိုဝိုင်းပြီးလာရောက်ဖမ်းဆီးကြတာဖြစ်ပါတယ်။ ၎င်းတို့အိမ်ကိုမသွားခင် အမျိုးသမီးရဲ့မုန့်ဟင်းခါးဆိုင်မှာလည်း အရင်ဝင်ကြည့်ကြတယ်လို့သိရတယ်။

ဖေဖော်ဝါရီ ၁၅ ရက် မနေ့ညနေပိုင်းက အောင်သစ္စာရပ်ကွက်မှာနေထိုင်တဲ့ သာမန်ပြည်သူ ကိုမောင်မောင် လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေတစ်ဦးက ပြော ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်က အောင်သစ္စာရပ်ကွက်မှာနေထိုင်တဲ့ သာမန်ပြည်သူ ဒေါ်ဌေးမြင့်၊ ဒေါ်မိထူးနဲ့ အသက် ၂၀ အရွယ် သူ့သားတို့ကို စစ်ကောင်စီတပ်သားတွေက PDF နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သူတို့အားလုံးကို ကလေးမြို့ ဒေသ ကွပ်ကဲရေးစစ်ဌာချုပ် (ဒကစ) မှာ ဖမ်းဆီးထားတယ်လို့လည်း ဆိုပါတယ်။

Zawgyi

ကေလးၿမိဳ႕က ၃ရက္အတြင္း CDM ေက်ာင္းဆရာ အပါအဝင္ ၆ ဦးဖမ္းဆီးခံရ

ကေလးၿမိဳ႕ ေအာင္ေျမမာန္ရပ္ကြက္က CDM ျပဳလုပ္တဲ့ ေက်ာင္းဆရာ ဦးမ်ိဳးမင္းေအာင္နဲ႔ ဇနီး ေဒၚစႏၵာ တို႔ဟာ ယမန္ေန႔ေဖေဖာ္ဝါရီ ၁၆ ရက္က စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြရဲ႕ ဖမ္းဆီးခံရတယ္လို႔သတင္းရရွိပါတယ္။

ဆရာ ဦးမ်ိဳးမင္းေအာင္ဟာ ကေလးၿမိဳ႕ အထက (၁) မွာ အလယ္တန္းျပဆရာတစ္ဦးျဖစ္ၿပီး ဇနီးဟာ နတ္ေခ်ာင္းလမ္းတြင္ မုန႔္ဟင္းခါးဆိုင္ဖြင့္လွစ္ေရာင္းခ်ပါတယ္။

စစ္ေကာင္စီတပ္သားအမ်ားအျပားက ဆရာမ်ိဳးမင္းေအာင္တို႔အိမ္ကိုဝိုင္းၿပီးလာေရာက္ဖမ္းဆီးၾကတာျဖစ္ပါတယ္။ ၎တို႔အိမ္ကိုမသြားခင္ အမ်ိဳးသမီးရဲ႕မုန႔္ဟင္းခါးဆိုင္မွာလည္း အရင္ဝင္ၾကည့္ၾကတယ္လို႔သိရတယ္။

ေဖေဖာ္ဝါရီ ၁၅ ရက္ မေန႔ညေနပိုင္းက ေအာင္သစၥာရပ္ကြက္မွာေနထိုင္တဲ့ သာမန္ျပည္သူ ကိုေမာင္ေမာင္ လည္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြရဲ႕ ဖမ္းဆီးခံလိုက္ရတယ္လို႔ ေဒသခံေတြတစ္ဦးက ေျပာ ပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၁၄ ရက္က ေအာင္သစၥာရပ္ကြက္မွာေနထိုင္တဲ့ သာမန္ျပည္သူ ေဒၚေဌးျမင့္၊ ေဒၚမိထူးနဲ႔ အသက္ ၂၀ အ႐ြယ္ သူ႔သားတို႔ကို စစ္ေကာင္စီတပ္သားေတြက PDF နဲ႔ ဆက္စပ္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ဖမ္းဆီးခံလိုက္ရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

သူတို႔အားလုံးကို ကေလးၿမိဳ႕ ေဒသ ကြပ္ကဲေရးစစ္ဌာခ်ဳပ္ (ဒကစ) မွာ ဖမ္းဆီးထားတယ္လို႔လည္း ဆိုပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်