ကလေးမြို့တွင် ငွေကြေးကိစ္စကြောင့် ကျောင်းဆရာအချင်းချင်း သတ်ဖြတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ငွေကျပ်သိန်း ၆၀ အကြွေးမပေးနိုင်တာကြောင့် အကြွေးရှင်ကျောင်းဆရာအား ဓားဖြင့် လည်လှီးသတ်ဖြတ်မှု ယနေ့ ဧပြီ ၂ ရက် မနက်ပိုင်းကဖြစ်ပွားတယ်လို့သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ ယနေ့ နံနက် ၉ နာရီခန့်တွင် ကလေး-တမူးသွားကားလမ်း ဖောင်ကူးတံတား အနီးရှိ နေကြာခင်း၌ ကလေးမြို့နယ်၊ ကံကြီးကျေးရွာနေ ဦးညီညီထွန်း အလယ်တန်းပြ၊ အလကခွဲ(ကံဦး)၊ အထကခွဲ(ကံကြီး)တွဲဘက်တာဝန် ထမ်းဆောင်လျက်ရှိသူမှာ သေဆုံး နေကြောင်းသိရှိရသဖြင့် လုံခြုံရေးအဖွဲ့များမှသွားရောက်စစ်ဆေးရာ ဦးညီညီထွန်းမှာ ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပါတယ်။

လုံခြုံရေးတပ်ဖွဲ့၏ စုံစမ်းဖော်ထုတ်ချက်အရ ကလေးမြို့၊ ကြို့သုံးပင်ရပ်ကွက်နေ ဦးတင်ဇော်မင်း အလယ်တန်းပြ (ဆည်ကြီး)၊ အထက(၈)တွဲဘက်တာဝန် ထမ်းဆောင်နေသူအား ဖမ်းဆီးစစ်ဆေးခဲ့ရာ သေဆုံးသူ ဦးညီညီထွန်းအား ကျပ်သိန်း ၆၀ အကြွေးအားမပေးနိုင်သဖြင့် ကလေး-တမူး ကားလမ်းဘေးရှိ နေကြာခင်းအနီး၌လည်ပင်းအား ဓါးဖြင့်လှီးဖြတ်၍ သတ်ဖြတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

ဒါ့ကြောင့် အမှုကျူးလွန်သူ ဦးတင်ဇော်မင်းအား အမှုဖွင့်အရေးယူဆောင်ရွက် နေတယ်လို့သတင်းရရှိပါတယ်။

Zawgyi

ကေလးၿမိဳ႕တြင္ ေငြေၾကးကိစၥေၾကာင့္ ေက်ာင္းဆရာအခ်င္းခ်င္း သတ္ျဖတ္

စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးၿမိဳ႕တြင္ ေငြက်ပ္သိန္း ၆၀ အေႂကြးမေပးႏိုင္တာေၾကာင့္ အေႂကြးရွင္ေက်ာင္းဆရာအား ဓားျဖင့္ လည္လွီးသတ္ျဖတ္မႈ ယေန႔ ဧၿပီ ၂ ရက္ မနက္ပိုင္းကျဖစ္ပြားတယ္လုိ႔သတင္းရရွိပါတယ္။

ျဖစ္စဥ္မွာ ယေန႔ နံနက္ ၉ နာရီခန႔္တြင္ ကေလး-တမူးသြားကားလမ္း ေဖာင္ကူးတံတား အနီးရွိ ေနၾကာခင္း၌ ကေလးၿမိဳ႕နယ္၊ ကံႀကီးေက်း႐ြာေန ဦးညီညီထြန္း အလယ္တန္းျပ၊ အလကခြဲ(ကံဦး)၊ အထကခြဲ(ကံႀကီး)တြဲဘက္တာဝန္ ထမ္းေဆာင္လ်က္ရွိသူမွာ ေသဆုံး ေနေၾကာင္းသိရွိရသျဖင့္ လုံၿခဳံေရးအဖြဲ႕မ်ားမွသြားေရာက္စစ္ေဆးရာ ဦးညီညီထြန္းမွာ ဓားဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည္ကို ေတြ႕ရွိရပါတယ္။

လုံၿခဳံေရးတပ္ဖြဲ႕၏ စုံစမ္းေဖာ္ထုတ္ခ်က္အရ ကေလးၿမိဳ႕၊ ႀကိဳ႕သုံးပင္ရပ္ကြက္ေန ဦးတင္ေဇာ္မင္း အလယ္တန္းျပ (ဆည္ႀကီး)၊ အထက(၈)တြဲဘက္တာဝန္ ထမ္းေဆာင္ေနသူအား ဖမ္းဆီးစစ္ေဆးခဲ့ရာ ေသဆုံးသူ ဦးညီညီထြန္းအား က်ပ္သိန္း ၆၀ အေႂကြးအားမေပးႏိုင္သျဖင့္ ကေလး-တမူး ကားလမ္းေဘးရွိ ေနၾကာခင္းအနီး၌လည္ပင္းအား ဓါးျဖင့္လွီးျဖတ္၍ သတ္ျဖတ္ခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့ပါတယ္။

ဒါ႔ေၾကာင့္ အမႈက်ဴးလြန္သူ ဦးတင္ေဇာ္မင္းအား အမႈဖြင့္အေရးယူေဆာင္႐ြက္ ေနတယ္လုိ႔သတင္းရရွိပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်