ကလေးမြို့တွင် စစ်ကောင်စီက ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံ့

ကလေးမြို့ ပြည်သူ့ဆေးရုံတွင် ဒီမနက်ကစပြီး စစ်ကောင်စီက COVISHIELD ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံ့နေတယ်လို့သတင်းရရှိပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးသူတစ်ဦးက “ဆေးထိုးတဲ့သူတွေက ပြည်သူ့ဆေးရုံက ဆရာမတွေ၊ ဆရာဝန်တွေပဲ။ ကျနော်လည်း မနက် ၁၀ နာရီလောက်မှာသွားထိုးတာ။ ဘုန်းကြီးတွေ ခရစ်ယာန်အမှုတော်ဆောင်တွေလည်းထိုးကြတယ်။ ဘယ်နယောက်လဲတော့မသိဘူး။ ကျနော်ကတော့ သူတို့ပွဲတွေမှာ ခ.စ.ယ (ချင်းစာပေနဲ့ယဉ်ကျေးမှုကော်မတီ) ရိုးရာအကတွေ ကပေးတဲ့တွက် ဆေးထိုးဖို့ဖိတ်တာလို့ပဲယူဆတယ်” လို့ပြောပါတယ်။

ကလေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျူံးလျန်ထန်ကို ကိုဗစ်ကာကွယ်ဆေးထိုးနှံ့တဲ့ကိစ္စမေးမြန်းပေမယ့် ၎င်းတို့မှာ ဖြေကြားပိုင်ခွင့်မပေးထားကြောင်း၊ သိလိုရင် နိုင်ငံတော်သမ္မတရုံးသို့မေးမြန်းပါလို့သာ ဖြေကြားပါတယ်။

Zalen ad

ယင်းကိစ္စနဲ့ပတ်သက်ပြီး ကလေးမြို့ ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီက ဦးဆောင်သူတစ်ယောက်ကိုမေးမြန်းရာ ကော်မတီနာမည်နဲ့ ဆေးထိုးဖို့ဖိတ်တာမဟုတ်ဘဲ၊ ၎င်းတို့နဲ့နီးစပ်ရာ မိတ်ဆွေအပေါင်းအသင်းတွေကို ဖိတ်ခေါ်ခြင်းမယ်လို့ပြောပါတယ်။

ကလေးမြို့တွင် ဇန်နဝါရီလ (၂၇)ရက်က ကျန်းမာရေးဝန်ထမ်း (၁၀၀)ကျော် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးပြီး စစ်ကောင်စီအာဏာသိမ်းပြီးနောက် အခုပထမအကြိမ်ကာကွယ်ဆေးထိုးခြင်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်