ကလေးမြို့နယ်တွင် ဒလန်အမျိုးသမီးတယောက် ဓားနဲ့ထိုးသတ်ခံရ

ကလေးမြို့နယ် စည်ပင်ကြီး ခေါ်လက်ပံခုံကျေးရွာက ဒလန် ဒေါ်လှလှဌေး (၄၀ နှစ်ခန့်)ကို အမည်မသိလူတစုက နေအိမ်တွင် မနေ့ စက်တင်ဘာ ၁၇ ရက် ညနေ ၇ နာရီလောက်က ဓားနဲ့ထိုးသတ်ခံရတယ်လို့သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ ဒေါ်လှလှဌေးဟာ အိမ်ရှေ့မှာဆိုင်စောင့်နေစဉ် ဆိုင်ကယ် ၃ စီးနဲ့အမည်မသိလူတွေရောက်လာကာ အိမ်ထဲသို့ခေါ်ဆောင်ပြီး ဓားနဲ့ထိုးသတ်ကြပါတယ်။ ဒါကြောင့် ဒေါ်လှလှဌေးဆွေမျိုးတွေက စစ်တပ်ကိုအကြောင်းကြားလို့ ဒီနေ့ရွာထဲကိုစစ်သားတွေရောက်လာကြတယ်လို့သိရတယ်။

ဒါကြောင့် ရွာသားအများစုဟာ ရွာထဲမှာမနေရဲကြပဲ တခြားရွာတွေမှာတိမ်းရှောင်နေကြပါတယ်။ ဒေါ်လှလှဌေးဟာ မတ်လက ကလေးမြို့ တာဟန်းခံတပ်က ပြည်သူတွေကို ထမင်းပို့တဲ့သူတွေကို နာမည်စာရင်းကောက်ပြီး စစ်တပ်ကိုသတင်းပို့မယ်လို့ ခြိမ်းခြောက်ခဲ့ဖူးပါတယ်။

ပြီးနောက် ၂ လကြာအိမ်မှာမရှိဘဲပျောက်ဆုံးပြီးနောက် ရွာပြန်လာတဲ့အချိန်မှာ အသတ်ခံရခြင်းဖြစ်တယ်။

Zalen ad

၄င်းရဲ့အမျိုးထဲကတယောက်လည်း စစ်တပ်ထွက်ဖြစ်တာကြောင့် စစ်တပ်ထောက်ခံတဲ့သူတွေလို့သိရပါတယ်။

Zawgyi

ကေလးၿမိဳ႕နယ္တြင္ ဒလန္အမ်ဳိးသမီးတေယာက္ ဓားနဲ႔ထုိးသတ္ခံရ

ကေလးၿမိဳ႕နယ္ စည္ပင္ၾကီး ေခၚလက္ပံခံုေက်းရြာက ဒလန္ ေဒၚလွလွေဌး (၄၀ ႏွစ္ခန္႔)ကို အမည္မသိလူတစုက ေနအိမ္တြင္ မေန႔ စက္တင္ဘာ ၁၇ ရက္ ညေန ၇ နာရီေလာက္က ဓားနဲ႔ထုိးသတ္ခံရတယ္လို႔သတင္းရရွိပါတယ္။

ျဖစ္စဥ္မွာ ေဒၚလွလွေဌးဟာ အိမ္ေရွ႕မွာဆုိင္ေစာင့္ေနစဥ္ ဆုိင္ကယ္ ၃ စီးနဲ႔အမည္မသိလူေတြေရာက္လာကာ အိမ္ထဲသို႔ေခၚေဆာင္ၿပီး ဓားနဲ႔ထုိးသတ္ၾကပါတယ္။ ဒါေၾကာင့္ ေဒၚလွလွေဌးေဆြမ်ဳိးေတြက စစ္တပ္ကိုအေၾကာင္းၾကားလုိ႔ ဒီေန႔ရြာထဲကိုစစ္သားေတြေရာက္လာၾကတယ္လုိ႔သိရတယ္။

ဒါေၾကာင့္ ရြာသားအမ်ားစုဟာ ရြာထဲမွာမေနရဲၾကပဲ တျခားရြာေတြမွာတိမ္းေရွာင္ေနၾကပါတယ္။

ေဒၚလွလွေဌးဟာ မတ္လက ကေလးၿမိဳ႕ တာဟန္းခံတပ္က ျပည္သူေတြကို ထမင္းပို႔တဲ့သူေတြကို နာမည္စာရင္းေကာက္ၿပီး စစ္တပ္ကိုသတင္းပို႔မယ္လုိ႔ ျခိမ္းေျခာက္ခဲ့ဖူးပါတယ္။

ၿပီးေနာက္ ၂ လၾကာအိမ္မွာမရွိဘဲေပ်ာက္ဆံုးၿပီးေနာက္ ရြာျပန္လာတဲ့အခ်ိန္မွာ အသတ္ခံရျခင္းျဖစ္တယ္။

၄င္းရဲ႕အမ်ဳိးထဲကတေယာက္လည္း စစ္တပ္ထြက္ျဖစ္တာေၾကာင့္ စစ္တပ္ေထာက္ခံတဲ့သူေတြလုိ႔သိရပါတယ္။

နောက်ဆုံးရသတင်းများ

ဗာတီကန်မှာ ရဟန်းမင်းကြီးနဲ့ ကလေးသာသနာပြုနယ် ဆရာတော်ကြီးတို့ တွေ့ဆုံ

ဇွန် ၈၊ ၂၀၂၆Zalen ကမ္ဘာ့ကက်သလစ်အသင်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) (Pope Leo XIV) နဲ့ မြန်မာနိုင်ငံ၊ ကလေးကက်သလစ်သာသနာပြုနယ် (Kalay Diocese) ရဲ့ ဆရာတော်ကြီး အပါအဝင် မြန်မာ ခရစ်ယာန်ဘုန်းတော်ကြီးတွေဟာ ...

ဆက်ဖတ်ရန်