ကလေးမြို့နယ်တွင် ပြည်သူ့ကာကွယ်တပ်ရေးတပ်သား ၂ ဦးကျဆုံး

ကလေးမြို့နယ်တွင် CDF-Hakha တပ်ရင်း-၂ (Senthang)က ရဲဘော်တစ်ဦးနဲ့ CNDF တပ်ကရဲဘော်တစ်ဦးဟာ ဖေဖော်ဝါရီလ ၁၀ ရက်နဲ့ ၁၁ ရက်က ကျဆုံးသွားတယ်လို့သတင်းရရှိပါတယ်။

CDF-Hakha တပ်ရင်း-၂ (Senthang)က ရဲဘော် Salai Roland Ceu Chin Lian (ဆလိုင်းရိုလန် ကျဲအိုချင်းလျန် – ၁၉ နှစ်)ဟာ ဖေဖော်ဝါရီလ ၁၀ ရက်နဲ့ ကလေးမြို့တောင်ပိုင်း ကြံသာကျေးရွာမှာတိုက်ပွဲဖြစ်ပွားစဉ် ကျဆုံးသွားပါတယ်။

ဆက်လက်ပြီး CNDF တပ်က ရဲဘော် Salai Bawi Rin Mang (ဆလိုင်းဘွေရိန်းမာန် – ၁၈ နှစ်) ဟာ ဖေဖော်ဝါရီလ ၁၁ ရက်က လက်လုပ်မိုင်းထောင်စဉ် မတော်တဆပေါက်ကွဲတာကြောင့် ကျဆုံးသွားတယ်လို့သတင်းရရှိပါတယ်။

Zalen ad

Zawgyi



မိုင်းမတော်တဆပေါက်ကွဲမှုကြောင့် ကျဆုံးသွားတဲ့ CNDF ရဲဘော် Salai Bawi Rin Mang



 

နောက်ဆုံးရသတင်းများ

အစိုးရဝန်ထမ်းတဦးမှသည် စီဒီအမ်ဈေးသည်မ ဘဝခရီးသို့

နွေဦးဈေးသည်(စီဒီအမ်ဝန်ထမ်းတဦး) ဈေးသည်ဘဝကို အစပြုလာခဲ့တာတော့ ဒီ၂၀၂၁ခုနှစ် ‌ဖေဖော်ဝါရီ ၁ရက်နေ့ ကျမတို့အမိမြန်မာနိုင်ငံတော်ကြီး မတရားအာဏာသိမ်းရာကနေ အစပြုလာခဲ့တာပေါ့လေ။ ဈေးသည်ဖြစ်ရလို့ ဝမ်းနည်းနေတာမဟုတ်ဘူးဟေ့။ ကျမတို့အမေက ဟိုးအရင်ကထဲက ဈေးရောင်းလာတာ ကျမတို့ဘွဲ့ရပညာတတ်လာတာ ဒီဈေးရောင်းရင်းကနေပဲ ရယူလာခဲ့တာပါ။ အမေ့ကိုအားနာတာပါ။ အသက်၄၀ကျော်လေးမှာ မုဆိုးမဖြစ်လာပြီး ...

ဆက်ဖတ်ရန်