ကလေးမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားလို့ CDF (Hakha) ရဲဘော်တစ်ဦးကျဆုံး

ကလေးမြို့ တောင်ပိုင်း ကြံသာရွာမှာတပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ပျူစောာထီးများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ယနေ့ ဖေဖော်ဝါရီ ၁၀ ရက် မနက် ၆ နာရီခွဲတွင် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ၁၅ ဦးထက်မနည်းသေဆုံးပြီး CDF (Hakha) ကရဲဘော် တစ်ဦးကျဆုံးသွားတယ်လို့ PDF (Kalay) က ဒီကနေ့ထုတ်ပြန်ထားပါတယ်။

ဒီနေ့ စစ်ဆင်ရေးမှာ PDF (Kalay) ၊ CDF (KKG) ၊ CDF (Hakha) ၊ RKDF နဲ့ ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့တို့ပါဝင်ပြီး ၃ နာရီကြာ တိုက်ပွဲဖြစ်ပွားရာ ရဲဘော်တစ်ဦးလည်း ဒဏ်ရာရရှိသွားပါတယ်။

ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်း နဲ့ ဟံသာဝတီရွာဘက်ကနေ စစ်ကား ၃ စီးနဲ့ စစ်ကူလာကြတာကြောင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ ပြန်လည်ဆုတ်ခွာသွားကြပါတယ်။

Zalen ad

Zawgyi

ကေလးၿမိဳ႕နယ္မွာ တုိက္ပြဲျဖစ္ပြားလို႔ CDF (Hakha) ရဲေဘာ္တစ္ဦးက်ဆံုး

ကေလးၿမိဳ႕ ေတာင္ပိုင္း ၾကံသာရြာမွာတပ္စြဲထားတဲ့ အာဏာသိမ္းစစ္ေကာင္စီတပ္နဲ႔ ပ်ဴေစာာထီးမ်ားကို ျပည္သူ႔ကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႔က ယေန႔ ေဖေဖာ္ဝါရီ ၁၀ ရက္ မနက္ ၆ နာရီခြဲတြင္ ဝင္ေရာက္တုိက္ခိုက္ရာ စစ္ေကာင္စီတပ္နဲ႔ ပ်ဴေစာထီး ၁၅ ဦးထက္မနည္းေသဆံုးၿပီး CDF (Hakha) ကရဲေဘာ္ တစ္ဦးက်ဆံုးသြားတယ္လုိ႔ PDF (Kalay) က ဒီကေန႔ထုတ္ျပန္ထားပါတယ္။

ဒီေန႔ စစ္ဆင္ေရးမွာ PDF (Kalay) ၊ CDF (KKG) ၊ CDF (Hakha) ၊ RKDF နဲ႔ ပ.က.ဖ ပူးေပါင္းတပ္ဖြဲ႔တို႔ပါဝင္ၿပီး ၃ နာရီၾကာ တိုက္ပြဲျဖစ္ပြားရာ ရဲေဘာ္တစ္ဦးလည္း ဒဏ္ရာရရွိသြားပါတယ္။

ဂန္႔ေဂါၿမိဳ႕နယ္ ေျမာက္ခင္ရန္း နဲ႔ ဟံသာဝတီရြာဘက္ကေန စစ္ကား ၃ စီးနဲ႔ စစ္ကူလာၾကတာေၾကာင့္ ျပည္သူ႔ကာကြယ္ေရးပူးေပါင္းတပ္တို႔ ျပန္လည္ဆုတ္ခြာသြားၾကပါတယ္။

 

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်