ကလေးမြို့နယ် ကလေး-ဂန့်ဂေါလမ်းမပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူတွေအပြန်အလှန်ပစ်ခတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် နတ်ချောင်းကျေးရွာနဲ့ စည်သာကျေးရွာကြား ကလေး-ဂန့်ဂေါလမ်းမပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူတွေ ဒီနေ့ည (၅)နာရီခန့်ကစပြီး အပြန်အလှန်ပစ်ခတ်နေကြတယ်လို့သတင်းရရှိပါတယ်။

စည်သာရွာသားတစ်ဦးက “စစ်ကား ၄ စီးပေါ်မှာ စစ်သား ၃၀ လောက်ပါတယ်။ပြီးတော့ မြေထိုးစက်ကြီး ၁ စီးရယ် ကလေးမြို့ဘက်ကနေရောက်လာကြတယ်။ အခု ကျနော်တို့ရွာရှေ့ဘက်မှာတစ်နေရာရယ်၊ နတ်မြောင်းရွာဘက်မှာ တစ်နေရာ ပစ်နေကြတယ်။ သေနတ်သံမှာ စစ်တပ်ဘက်က စက်သေနတ်ပါတယ်။ လက်နက်ကြီးသံတော့မကြားမိသေးဘူး။ ကျနော်တို့ရွာသားတွေစိုးရိမ်လို့အားလုံးထွက်ပြေးကြတယ်။ ပြည်သူတွေက စစ်ကူမလာနိုင်အောင် လမ်းဘေးက သစ်ပင်တွေခုတ်လဲထားတယ်။ အဲ့ဒါရှင်းဖို့လာတာလာ၊ ဂန့်ဂါဘက်ကနေ စစ်ကူလာတဲ့သူတွေလမ်းရှင်းပေးတာလာ ကျနော်တို့လည်းသေချာမသိရဘူး” လို့ပြောပါတယ်။

မနေ့ (မတ် ၂၈)ရက် ညနေ ၃ နာရီခန့်ကစပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ကလေးမြို့ တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်က ပြည်သူ့သပိတ်ခံတပ်ကိုဖြိုခွင်းစဉ် ညနေ ၇ နာရီထိ အပြန်အလှန်ပစ်ခတ်ကြလို့ ပြည်သူဘက်မှ ၄ ဦးကျဆုံးပြီး ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

ရွှေကုက္ကိုလ်ရှိ ကျားဖြန့်ဂိုဏ်းချုပ် တရုတ်နိုင်ငံသားတဦး ထိုင်းမှာ ဖမ်းဆီးရမိ

ဧပြီ ၁၀၊ ၂၀၂၆ Zalen မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ရှိ ကျားဖြန့်နဲ့ တိုက်ရိုက်ဆက်နွှယ်နေတဲ့ ၃၂ နှစ်အရွယ် တရုတ်အွန်လိုင်းလောင်းကစားဂိုဏ်းချုပ်တဦးကို ထိုင်းရဲတပ်ဖွဲ့က ပတ္တရားရှိ ဇိမ်ခံဗီလာတခုမှာ ဒီနေ့မနက်မှာ ဝင်ရောက်စီးနင်းဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံရသူဟာ အွန်လိုင်းလောင်းကစား ပလက်ဖောင်းပေါင်း ၂၃၉ ...

ဆက်ဖတ်ရန်