ကလေးမြို့နယ် ကလေး-ဂန့်ဂေါလမ်းမပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူတွေအပြန်အလှန်ပစ်ခတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် နတ်ချောင်းကျေးရွာနဲ့ စည်သာကျေးရွာကြား ကလေး-ဂန့်ဂေါလမ်းမပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူတွေ ဒီနေ့ည (၅)နာရီခန့်ကစပြီး အပြန်အလှန်ပစ်ခတ်နေကြတယ်လို့သတင်းရရှိပါတယ်။

စည်သာရွာသားတစ်ဦးက “စစ်ကား ၄ စီးပေါ်မှာ စစ်သား ၃၀ လောက်ပါတယ်။ပြီးတော့ မြေထိုးစက်ကြီး ၁ စီးရယ် ကလေးမြို့ဘက်ကနေရောက်လာကြတယ်။ အခု ကျနော်တို့ရွာရှေ့ဘက်မှာတစ်နေရာရယ်၊ နတ်မြောင်းရွာဘက်မှာ တစ်နေရာ ပစ်နေကြတယ်။ သေနတ်သံမှာ စစ်တပ်ဘက်က စက်သေနတ်ပါတယ်။ လက်နက်ကြီးသံတော့မကြားမိသေးဘူး။ ကျနော်တို့ရွာသားတွေစိုးရိမ်လို့အားလုံးထွက်ပြေးကြတယ်။ ပြည်သူတွေက စစ်ကူမလာနိုင်အောင် လမ်းဘေးက သစ်ပင်တွေခုတ်လဲထားတယ်။ အဲ့ဒါရှင်းဖို့လာတာလာ၊ ဂန့်ဂါဘက်ကနေ စစ်ကူလာတဲ့သူတွေလမ်းရှင်းပေးတာလာ ကျနော်တို့လည်းသေချာမသိရဘူး” လို့ပြောပါတယ်။

မနေ့ (မတ် ၂၈)ရက် ညနေ ၃ နာရီခန့်ကစပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ကလေးမြို့ တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်က ပြည်သူ့သပိတ်ခံတပ်ကိုဖြိုခွင်းစဉ် ညနေ ၇ နာရီထိ အပြန်အလှန်ပစ်ခတ်ကြလို့ ပြည်သူဘက်မှ ၄ ဦးကျဆုံးပြီး ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

ဆက်လက်ဖတ်ရှုရန်