ခွင့်ဖြင့်ပြန်လာတဲ့ ပြည်ပလုပ်သားတွေ သံရုံးထောက်ခံစာပါမှ ပြန်လည်ထွက်ခွာခွင့်ရမယ်

ဧပြီ ၂၉၊ ၂၀၂၆
Zalen

ပြည်ပမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတွေ ခွင့်ရက်ဖြင့် နေရပ်ပြန်ပြီးနောက် လုပ်ငန်းခွင်သို့ ပြန်လည်ထွက်ခွာလိုပါက သက်ဆိုင်ရာ မြန်မာသံရုံးရဲ့ ထောက်ခံချက် မဖြစ်မနေ တင်ပြရမည်ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ စည်းမျဉ်းအသစ်ကို လာမယ့် မေလ ၁ ရက်နေ့မှစတင်ကာ တိကျစွာ ကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

Zalen ad

နေရပ်မပြန်မီ မိမိအလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံရှိ မြန်မာသံရုံး (သို့မဟုတ်) အနီးစပ်ဆုံးနိုင်ငံရှိ သံရုံး/ကောင်စစ်ဝန်ရုံးတွေမှာ အလုပ်ရှင်ရဲ့ ခွင့်စာပြသ၍ ထောက်ခံချက် ရယူထားရမယ်ဖြစ်ပါတယ်။

လက်ရှိကိုင်ဆောင်ထားတဲ့ Work Permit၊ ဗီဇာနဲ့ လုပ်ငန်းခွင်အချက်အလက်တွေဟာ OWIC ကတ်ပါ အချက်အလက်တွေနဲ့ ကွဲလွဲနေပါက မြန်မာနိုင်ငံသို့ ပြန်ရောက်ချိန်မှာ ကတ်အသစ် ပြန်လည်လျှောက်ထားရမယ်ဖြစ်ပါတယ်။

ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အလုပ်သမားသစ်အချို့သည် သင်တန်းတက်တာနဲ့ ဆေးစစ်တာ လုပ်ငန်းစဉ်တွေကို ရှောင်လွှဲရန်အတွက် ခွင့်ပြန်အလုပ်သမားအယောင်ဆောင်ကာ အထောက်အထားအတုတွေနဲ့ ထွက်ခွာရန် ကြိုးပမ်းမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် လူကုန်ကူးမှုဘေးမှ ကာကွယ်ရန် ယခုကဲ့သို့ စနစ်တကျ စိစစ်ရခြင်းဖြစ်ပြီး အချက်အလက်လိမ်လည်မှု (သို့မဟုတ်) အထောက်အထားအတုတွေ တွေ့ရှိပါက ပြည်ပထွက်ခွာခွင့် ပိတ်ပင်တာ၊ နာမည်ပျက်စာရင်းတင်သွင်းတာ ခံရမယ်ဖြစ်ပါတယ်။

ပြည်ပထွက်ခွာခွင့်ကို ရုံးပိတ်ရက်မပါဝင်ဘဲ ၅ ရက်ကြိုတင် လျှောက်ထားရမည်ဖြစ်ပါတယ်။

ခွင့်ပြုချက်ရရှိသူများစာရင်းကို Safe Migration Telegram Channel မှာ နေ့စဉ်ထုတ်ပြန်ပေးသွားမယ်ဖြစ်တယ်လို့ သိရပါတယ်။

သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

မုန်းချောင်းတံတားကို စစ်ကောင်စီက ဗုံးကြဲလို့ တံတားပြုပြင်တဲ့အရပ်သား‌အချို့ သေဆုံး / ထိခိုက်မှုများရှိ

ဧပြီ ၂၉ ၊၂၀၂၆Zalen ကန်ပက်လက်မြို့နယ် ၊ ကျင်ဒွေးမြို့အနီးရှိ မုန်းချောင်းတံတားကို ဒီကနေ့ မနက် ၁၀ နာရီခွဲ ၀န်းကျင်မှာ စစ်ကောင်စီက ဗုံးကြဲလို့ တံတားပြုပြင်သူတွေနဲ့ ‌တံတားအနီးအနားရှိ အရပ်သားပြည်သူတွေ ဗုံးထိမှန်ပြီး သေဆုံး/ထိခိုက်မှုတွေ များတယ်လို့ ...

ဆက်ဖတ်ရန်