ကျန်ဖိုင်မြို့မှာ စစ်ဘေးရှောင်များ တရားမဝင် စီးပွားရေးလုပ်ကိုင်သူများရှိ၊ မရှိ ကျန်ဖိုင် MZP တာဝန်ရှိသူများစစ်ဆေး

၃၊ ဇွန်လ၊ ၂၀၂၄

Zalen

ပြီးခဲ့တဲ့ ဇွန်လ တစ်ရက်နေ့မှာ ကျင်ဖိုင်မြို့ရှိ Mizo Zirlai Pawl – MZP ရုံးချုပ်က တာဝန်ရှိသူများဟာ ကျန်ဖိုင် မြို့ပေါ်မှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားများက တရားမဝင်စီးပွားရေးလုပ်ငန်းများလုပ်ဆောင်ခြင်း ရှိ၊ မရှိ စစ်ဆေး မှုပြုလုပ်တဲ့ အပြင် မြန်မာစစ်ဘေးရှောင်များ ရှိတဲ့နေရာတွေကို သွားရောက်ပြီး လိုအပ်တာတွေ ပြောကြားခဲ့တယ်လို့သိရပါတယ်။

မီဇိုရမ်ပြည်နယ်မှာ နိုင်ငံခြားသားများက ကုန်ပစ္စည်းများတင်တဲ့ ကားများဖြင့် မြို့တွင်းလှည့်လည်စျေးရောင်း နေတာက ဥပဒေနဲ့မညီတာကြောင့် ကျန်ဖိုင် MZP က အပြင်းအထန်တိုက်ခိုက်သွားမှာဖြစ်တဲ့အကြောင်းနဲ့ မီဇိုရမ်အတွင်း ဝင်ထွက်ခွင့် (Inner Line Pass – ILP)သက်တမ်းကုန်ဆုံးတဲ့ အထိသာ မီဇိုရမ်မှာ နေခွင့်ရှိတဲ့ အကြောင်း ပြောကြားခဲ့ကြပါတယ်။

Zalen ad

ကျန်ဖိုင်မြို့တွင်းမှာ ပြေးဆွဲနေတဲ့ ဆိုင်ကယ်တက္ကစီမောင်းနှင်သူတွေကြားမှာ စစ်ဘေးရှောင်ဖြစ်ပေမယ့် ယာဉ်မောင်းလိုင်စဉ်နဲ့ အခြားသောအချက်အလက်များပိုင်ဆိုင်ကာ နိုင်ငံသားများနည်းတူ ပြေးဆွဲသူ များရှိ၊ မရှိ စစ်ဆေးခဲ့ကြပါတယ်။

ကျန်ဖိုင်ခရိုင်အတွင်း ဇိုသဲရွာ၊ Fianrial တောင်ခြေနဲ့ ITI အဆောက်အအုံတွေမှာရှိကြတဲ့ မြန်မာစစ်ဘေးရှောင် များထံသွားရောက်ခဲ့ပြီး မြန်မာစစ်ဘေးရှောင်များကို မီဇိုရမ် ဘာသာရေးနဲ့ NGO အဖွဲ့အစည်းများက ကောင်းကောင်းမွန်မွန် စောင့်ရှောက်တဲ့ အကြောင်းပြောကြားခဲ့ကာ စစ်ဘေးရှောင်များအနေနဲ့ အိန္ဒိယ နိုင်ငံသားများသာ ပိုင်ဆိုင်ခွင့်ရှိတဲ့ ID Card၊ ယာဉ်မောင်းလိုင်စင်၊ Aadhhar Card ၊ Ration Card နဲ့ birth certificate စတဲ့ အချက်အလက်တွေကို ပိုင်ဆိုင်နိုင်ရန် မကြိုးစားကြဖို့ မှာကြားထား ပါတယ်။

ဒါ့အပြင် မြန်မာစစ်ဘေးရှောင်များက မူးယစ်ဆေးဝါး နဲ့မပတ်သက်ဖို့ အပြင်သူများခြံထဲက ဟင်းသီးဟင်းရွက်၊ ငါး နဲ့ တစ်ခြားသောအရာတွေကို ခိုးယူစားသောက်ခြင်း မပြုဖို့ပြောခဲ့ကြတယ်လို့သိရပါတယ်။

သတင်း – Mickey

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်