ချင်းတောင်ပေါ်ကနေ အိမ်တွင်းပရိဘောဂနဲ့ စစ်သားတွေပါတဲ့ စစ်ကောင်စီကား ၁၀ စီး ကလေးမြို့သို့ဆင်းလာ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ကလေး-တီးတိန်ကားလမ်း ဟိန်ဇိန်ရွာတဝိုက်မှာ ၂ ပတ်ကြာ သောင်တင်နေတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကား ၁၀ စီးဟာ ဒီနေ့ ဇန်နဝါရီ ၂၈ ရက် မနက် ၁၁ နာရီခွဲလောက်က ကလေးမြို့သို့ ပြန်လည်ရောက်ရှိလာတယ်လို့သတင်းရရှိပါတယ်။

မျက်မြင်တစ်ယောက်က “၁၂ ဘီးကား နှစ်စီးပေါ်မှာ အိမ်တွင်းပရိဘောဂတွေတင်ထားတာတွေ့ရတယ်။ ဆန်အိတ်တွေ၊ ဧည့်ခန်းမှာသုံးတဲ့ထိုင်ခုံတွေ၊ စောင်တွေ၊ စက်ဘီးတွေ၊ ရေတိုင်ဂီ ၆ လုံး၊ ပန်းအိုးထိပါတယ်။ ပြီးတော့ SKART ကား ၃ စီးပါတယ်။ အထဲမှာ ဘိလပ်မြေလိုအိတ်တွေပါတယ်။ ပြီးတော့ စစ်ကား အသေး ၁ စီးရယ်၊ တခြားကားတွေကတော့ သူတို့ စစ်ကားအကြီးတွေ” လို့ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်သားတွေဟာ ဇန်နဝါရီလ ၁၃ ရက်က ကလေးမြို့ကနေ ချင်းတောင်ပေါ်သို့တက်သွားပြီး ထေးဇန်ကျေးရွာအနီးတွင် တိုက်ခိုက်ခံရတာကြောင့် ထေးဇန်ရွာက ဝန်ထမ်းအိမ်အပါအဝင် လူနေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးကြပါတယ်။

ပြီးနောက် ဟိန်ဇိန်ရွာသို့ ဆက်လက်ထွက်ခွာရာ ဟိန်ဇိန်ရွာသားတစ်ဦးကို သေနတ်နဲ့ အကြောင်းမဲ့ပစ်သတ်ကြပါတယ်။

ဟိန်ဇိန်ရွာကနေ သိုင်းငင်းဘက်သို့ထပ်တက်ဖို့ကြိုးစားကြပေမယ့် ချင်းဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေကခုခံတိုက်ခိုက်တာမခံနိုင်လို့ ရဟတ်ယာဉ်၊ ဂျက်လေယာဉ်များပါအသုံးပြုပြီး တိုက်ခိုက်ပေမယ့် ရှေ့မတိုးနိုင်ပဲဖြစ်နေကြပါတယ်။

သိုင်းငင်းတဝိုက်ဟာ အခုလို ဆောင်းရာသီမှာ အအေးဓာတ်အလွန်ပြင်းထန်တဲ့နေရာလည်းဖြစ်ပါတယ်။

စစ်ကောင်စီတပ်သား ၁၀ ဦးဟာ မနေ့ ဇန်နဝါရီလ ၂၇ ရက်က ဟိန်ဇိန်ရွာထဲသို့လှည့်ပတ်ပြီး အိမ်တစ်လုံးကိုမီးရှို့ကာ 125 ဆိုင်ကယ်တစ်စီးနဲ့ အိမ်တွင်းပစ္စည်းတွေကိုဖောက်ထွင်းခိုးယူသွားကြပါတယ်။

ကလေး-တီးတိန်လမ်းမပေါ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေ တပ်စွဲထားတာကြောင့် ချင်းပြည်နယ်မြောက်ဘက်သို့ ကုန်တင်ကားနဲ့ ခရီးသည်တင်ယာဉ်တွေမသွားရဲကြတော့ပါ။ ဒါကြောင့် ယာဉ်စီးခတွေ ကုန်ဈေးနှုန်းတွေမြင့်တက်သွားကြပါတယ်။

Zawgyi

ခ်င္းေတာင္ေပၚကေန အိမ္တြင္းပရိေဘာဂနဲ႔ စစ္သားေတြပါတဲ့ စစ္ေကာင္စီကား ၁၀ စီး ကေလးၿမိဳ႕သို႔ဆင္းလာ

ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕နယ္ ကေလး-တီးတိန္ကားလမ္း ဟိန္ဇိန္႐ြာတဝိုက္မွာ ၂ ပတ္ၾကာ ေသာင္တင္ေနတဲ့ အာဏာသိမ္းစစ္ေကာင္စီတပ္ကား ၁၀ စီးဟာ ဒီေန႔ ဇန္နဝါရီ ၂၈ ရက္ မနက္ ၁၁ နာရီခြဲေလာက္က ကေလးၿမိဳ႕သို႔ ျပန္လည္ေရာက္ရွိလာတယ္လို႔သတင္းရရွိပါတယ္။

မ်က္ျမင္တစ္ေယာက္က “၁၂ ဘီးကား ႏွစ္စီးေပၚမွာ အိမ္တြင္းပရိေဘာဂေတြတင္ထားတာေတြ႕ရတယ္။ ဆန္အိတ္ေတြ၊ ဧည့္ခန္းမွာသုံးတဲ့ထိုင္ခုံေတြ၊ ေစာင္ေတြ၊ စက္ဘီးေတြ၊ ေရတိုင္ဂီ ၆ လုံး၊ ပန္းအိုးထိပါတယ္။ ၿပီးေတာ့ SKART ကား ၃ စီးပါတယ္။ အထဲမွာ ဘိလပ္ေျမလိုအိတ္ေတြပါတယ္။ ၿပီးေတာ့ စစ္ကား အေသး ၁ စီးရယ္၊ တျခားကားေတြကေတာ့ သူတို႔ စစ္ကားအႀကီးေတြ” လို႔ေျပာပါတယ္။

အာဏာသိမ္းစစ္ေကာင္စီတပ္သားေတြဟာ ဇန္နဝါရီလ ၁၃ ရက္က ကေလးၿမိဳ႕ကေန ခ်င္းေတာင္ေပၚသို႔တက္သြားၿပီး ေထးဇန္ေက်း႐ြာအနီးတြင္ တိုက္ခိုက္ခံရတာေၾကာင့္ ေထးဇန္႐ြာက ဝန္ထမ္းအိမ္အပါအဝင္ လူေနအိမ္ ၅ လုံးကို မီးရႈိ႕ဖ်က္ဆီးၾကပါတယ္။

ၿပီးေနာက္ ဟိန္ဇိန္႐ြာသို႔ ဆက္လက္ထြက္ခြာရာ ဟိန္ဇိန္႐ြာသားတစ္ဦးကို ေသနတ္နဲ႔ အေၾကာင္းမဲ့ပစ္သတ္ၾကပါတယ္။

ဟိန္ဇိန္႐ြာကေန သိုင္းငင္းဘက္သို႔ထပ္တက္ဖို႔ႀကိဳးစားၾကေပမယ့္ ခ်င္းေဒသခံကာကြယ္ေရးပူးေပါင္းတပ္ေတြကခုခံတိုက္ခိုက္တာမခံႏိုင္လို႔ ရဟတ္ယာဥ္၊ ဂ်က္ေလယာဥ္မ်ားပါအသုံးျပဳၿပီး တိုက္ခိုက္ေပမယ့္ ေရွ႕မတိုးႏိုင္ပဲျဖစ္ေနၾကပါတယ္။

သိုင္းငင္းတဝိုက္ဟာ အခုလို ေဆာင္းရာသီမွာ အေအးဓာတ္အလြန္ျပင္းထန္တဲ့ေနရာလည္းျဖစ္ပါတယ္။

စစ္ေကာင္စီတပ္သား ၁၀ ဦးဟာ မေန႔ ဇန္နဝါရီလ ၂၇ ရက္က ဟိန္ဇိန္႐ြာထဲသို႔လွည့္ပတ္ၿပီး အိမ္တစ္လုံးကိုမီးရႈိ႕ကာ 125 ဆိုင္ကယ္တစ္စီးနဲ႔ အိမ္တြင္းပစၥည္းေတြကိုေဖာက္ထြင္းခိုးယူသြားၾကပါတယ္။

ကေလး-တီးတိန္လမ္းမေပၚမွာ အာဏာသိမ္းစစ္ေကာင္စီတပ္ေတြ တပ္စြဲထားတာေၾကာင့္ ခ်င္းျပည္နယ္ေျမာက္ဘက္သို႔ ကုန္တင္ကားနဲ႔ ခရီးသည္တင္ယာဥ္ေတြမသြားရဲၾကေတာ့ပါ။ ဒါေၾကာင့္ ယာဥ္စီးခေတြ ကုန္ေဈးႏႈန္းေတြျမင့္တက္သြားၾကပါတယ္။

 

 

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်