ချင်းတောင်မှာရိုက်ကူးထားတဲ့ “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ကို ဒီဇင်ဘာလတွင် စတင်ပြသမယ်

၂၀၁၉၊ နိုဝင်ဘာလ(၂၃)
မြန်မာ နဲ့ ကိုးရီးယားမင်းသား၊ မင်းသမီးတို့ ပူးပေါင်းရိုက်ကူးထားတဲ့ “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ကို ဒီဇင်ဘာလ (၁၉)ရက်နေ့တွင် တစ်နိုင်ငံလုံးစတင်ပြသတော့မယ်လို့သတင်းရရှိပါတယ်။

ယင်းရုပ်ရှင်တွင် ကိုးရီးယားမင်းသား Ryu Sang- Wook၊ ထပ်ဆင့်အကယ်ဒမီ မေသန်းနု ထပ်ဆင့်အကယ်ဒမီ ဝတ်မှုန်ရွှေရည် မင်းသားးကျော်ထက်အောင် တို့ပါဝင်ပါတယ်။

ဒီရုပ်ရှင်နဲ့ပတ်သက်ပြီး ဝတ်မှုန်ရွှေရည်က “တခြားရုပ်ရှင်တွေနဲ့မတူတာက သုံးထားတဲ့သီချင်းတွေအရမ်းကောင်းတယ်။ သီချင်းတွေကလည်း ဒီရုပ်ရှင်အတွက်သီးသန့်ရေးထားတဲ့ သီချင်းအသစ်တွေပဲ။ ဆိုတော့ တကယ့်ရုပ်ရှင်မှာ နောက်ခံတီးလုံးတွေနဲ့ အေဖက်တွေနဲ့ဆို ပိုကောင်းမှာသေချာတယ်။ ပြီးတော့ ဒါရိုက်တာတွေကလည်း အရမ်းမောင်းတာ။ မင်းသန့်ဆိုလည်း New York Film School ကကျောင်းပြီးသွားတယ်ဆိုတော့ အနုစိတ်ကအစသေသေချာချာလုပ်တယ်” လို့ပြောပါတယ်။

ဒီရုပ်ရှင်မှာ ချင်းပြည်နယ်မှာရိုက်ကူးတာဖြစ်တဲ့တွက် ချင်း(လိုင်)ဘာသာနဲ့ ဓမ္မ သံစုံသီချင်းလည်းထည့်ထားပါတယ်။

Zalen ad

ဒီရုပ်ရှင်ကို ရေးသားတဲ့စာရေးဆရာကတော့ ဆရာ လင်္ကရည်ကျော်ဖြစ်ပြီး အရင် ၁၀ နှစ်လောက်က ချင်းပြည်နယ်မှာ ရိုက်ကူးပြီး အကယ်ဒမီအထိရရှိခဲ့တဲ့ ကြိုကြာတောင်ပံခတ်သံ ရုပ်ရှင်ရေးသားသူလည်းဖြစ်ပါတယ်။

ဒီရုပ်ရှင်ကို ကလေး၊ တီးတိန်၊ ရိဒ် တို့တွင် သြဂုတ်လအတွင်းရိုက်ကူးထားပြီး ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့နဲ့ ဘူဆန်မြို့တို့တွင်လည်း ဇွန်လ (၇)ရက်ကနေ (၁၃)ရက်ထိရိုက်ကူးကြပါတယ်။

(Zawgyi)

ခ်င္းေတာင္မွာ႐ိုက္ကူးထားတဲ့ “တိမ္ေတြေပၚကပန္း” ႐ုပ္ရွင္ကို ဒီဇင္ဘာလတြင္ စတင္ျပသမယ္

၂၀၁၉၊ ႏိုဝင္ဘာလ(၂၃)
ျမန္မာ နဲ႔ ကိုးရီးယားမင္းသား၊ မင္းသမီးတို႔ ပူးေပါင္း႐ိုက္ကူးထားတဲ့ “တိမ္ေတြေပၚကပန္း” ႐ုပ္ရွင္ကို ဒီဇင္ဘာလ (၁၉)ရက္ေန႔တြင္ တစ္ႏိုင္ငံလုံးစတင္ျပသေတာ့မယ္လို႔သတင္းရရွိပါတယ္။

ယင္း႐ုပ္ရွင္တြင္ ကိုးရီးယားမင္းသား Ryu Sang- Wook၊ ထပ္ဆင့္အကယ္ဒမီ ေမသန္းႏု ထပ္ဆင့္အကယ္ဒမီ ဝတ္မႈန္ေ႐ႊရည္ မင္းသားးေက်ာ္ထက္ေအာင္ တို႔ပါဝင္ပါတယ္။

ဒီ႐ုပ္ရွင္နဲ႔ပတ္သက္ၿပီး ဝတ္မႈန္ေ႐ႊရည္က “တျခား႐ုပ္ရွင္ေတြနဲ႔မတူတာက သုံးထားတဲ့သီခ်င္းေတြအရမ္းေကာင္းတယ္။ သီခ်င္းေတြကလည္း ဒီ႐ုပ္ရွင္အတြက္သီးသန႔္ေရးထားတဲ့ သီခ်င္းအသစ္ေတြပဲ။ ဆိုေတာ့ တကယ့္႐ုပ္ရွင္မွာ ေနာက္ခံတီးလုံးေတြနဲ႔ ေအဖက္ေတြနဲ႔ဆို ပိုေကာင္းမွာေသခ်ာတယ္။ ၿပီးေတာ့ ဒါ႐ိုက္တာေတြကလည္း အရမ္းေမာင္းတာ။ မင္းသန႔္ဆိုလည္း New York Film School ကေက်ာင္းၿပီးသြားတယ္ဆိုေတာ့ အႏုစိတ္ကအစေသေသခ်ာခ်ာလုပ္တယ္” လို႔ေျပာပါတယ္။

ဒီ႐ုပ္ရွင္မွာ ခ်င္းျပည္နယ္မွာ႐ိုက္ကူးတာျဖစ္တဲ့တြက္ ခ်င္း(လိုင္)ဘာသာနဲ႔ ဓမၼ သံစုံသီခ်င္းလည္းထည့္ထားပါတယ္။

ဒီရုပ္ရွင္ကို ေရးသားတဲ့စာေရးဆရာကေတာ့ ဆရာ လကၤရည္ေက်ာ္ျဖစ္ၿပီး အရင္ ၁၀ ႏွစ္ေလာက္က ခ်င္းျပည္နယ္မွာ ရိုက္ကူးၿပီး အကယ္ဒမီအထိရရွိခဲ့တဲ့ ၾကိဳၾကာေတာင္ပံခတ္သံ ရုပ္ရွင္ေရးသားသူလည္းျဖစ္ပါတယ္။

ဒီ႐ုပ္ရွင္ကို ကေလး၊ တီးတိန္၊ ရိဒ္ တို႔တြင္ ၾသဂုတ္လအတြင္း႐ိုက္ကူးထားၿပီး ကိုးရီးယားႏိုင္ငံ ဆိုးလ္ၿမိဳ႕နဲ႔ ဘူဆန္ၿမိဳ႕တို႔တြင္လည္း ဇြန္လ (၇)ရက္ကေန (၁၃)ရက္ထိ႐ိုက္ကူးၾကပါတယ္။

နောက်ဆုံးရသတင်းများ

အစိုးရဝန်ထမ်းတဦးမှသည် စီဒီအမ်ဈေးသည်မ ဘဝခရီးသို့

နွေဦးဈေးသည်(စီဒီအမ်ဝန်ထမ်းတဦး) ဈေးသည်ဘဝကို အစပြုလာခဲ့တာတော့ ဒီ၂၀၂၁ခုနှစ် ‌ဖေဖော်ဝါရီ ၁ရက်နေ့ ကျမတို့အမိမြန်မာနိုင်ငံတော်ကြီး မတရားအာဏာသိမ်းရာကနေ အစပြုလာခဲ့တာပေါ့လေ။ ဈေးသည်ဖြစ်ရလို့ ဝမ်းနည်းနေတာမဟုတ်ဘူးဟေ့။ ကျမတို့အမေက ဟိုးအရင်ကထဲက ဈေးရောင်းလာတာ ကျမတို့ဘွဲ့ရပညာတတ်လာတာ ဒီဈေးရောင်းရင်းကနေပဲ ရယူလာခဲ့တာပါ။ အမေ့ကိုအားနာတာပါ။ အသက်၄၀ကျော်လေးမှာ မုဆိုးမဖြစ်လာပြီး ...

ဆက်ဖတ်ရန်