ချင်းပြည်နယ်အလံ ဒီဇိုင်းရေးဆွဲသူ ဒေါက်တာ တမ်အောင်လိန်းကွယ်လွန်

အခုအသုံးပြုနေတဲ့ ချင်းပြည်နယ်အလံကို ရေးဆွဲခဲ့တဲ့ ဒေါက်တာ တမ်အောင်လိန်းဟာ နိုဝင်ဘာလ (၂၄)ရက်တွင် ကနေဒါနိုင်ငံမှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

သူဟာ ၁၉၅၀ ခုနှစ် အောက်တိုဘာလ (၁၅)ရက်တွင် မင်းတပ်မြို့နယ် Tuiding ကျေးရွာမှာ ဦးလိန်းတမ် နဲပ ဒေါ်ထန်းလီတို့ကမွေးဖွားခဲ့ပါတယ်။ မွေးချင်းညီအစ်ကို ၅ ယောက်ရှိပါတယ်။

၎င်းရေးဆွဲထားတဲ့ အောက်ချင်းငှက်တစ်ကောင်နဲ့ ကြယ်ကိုးလုံးကို ၁၉၈၆ ခုနှစ်တွင် ချင်းပြည်နယ်ပါလီမန်က ပြည်နယ်အလံအဖြစ် အတည်ပြုခဲ့ကြပါတယ်။

ဒေါက်တာတမ်အောင်လိန်းဟာ သွားဘက်ဆိုင်ရာ ဆရာဝန်ဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် ကနေဒါနိုင်ငံသို့ပြောင်းရွေ့ခဲ့ပါတယ်။

(Zawgyi)

ခ်င္းျပည္နယ္အလံ ဒီဇိုင္းေရးဆြဲသူ ေဒါက္တာ တမ္ေအာင္လိန္းကြယ္လြန္

အခုအသုံးျပဳေနတဲ့ ခ်င္းျပည္နယ္အလံကို ေရးဆြဲခဲ့တဲ့ ေဒါက္တာ တမ္ေအာင္လိန္းဟာ ႏိုဝင္ဘာလ (၂၄)ရက္တြင္ ကေနဒါႏိုင္ငံမွာ ႏွလုံးေရာဂါနဲ႔ ကြယ္လြန္သြားပါတယ္။

သူဟာ ၁၉၅၀ ခုႏွစ္ ေအာက္တိုဘာလ (၁၅)ရက္တြင္ မင္းတပ္ၿမိဳ႕နယ္ Tuiding ေက်း႐ြာမွာ ဦးလိန္းတမ္ နဲပ ေဒၚထန္းလီတို႔ကေမြးဖြားခဲ့ပါတယ္။ ေမြးခ်င္းညီအစ္ကို ၅ ေယာက္ရွိပါတယ္။

၎ေရးဆြဲထားတဲ့ ေအာက္ခ်င္းငွက္တစ္ေကာင္နဲ႔ ၾကယ္ကိုးလုံးကို ၁၉၈၆ ခုႏွစ္တြင္ ခ်င္းျပည္နယ္ပါလီမန္က ျပည္နယ္အလံအျဖစ္ အတည္ျပဳခဲ့ၾကပါတယ္။

ေဒါက္တာတမ္ေအာင္လိန္းဟာ သြားဘက္ဆိုင္ရာ ဆရာဝန္ျဖစ္ၿပီး ၂၀၀၆ ခုႏွစ္တြင္ ကေနဒါႏိုင္ငံသို႔ေျပာင္းေ႐ြ႕ခဲ့ပါတယ္။

 

 

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်