ချင်း၊ မီဇို နဲ့ ကူကီး များဟာသွေးချင်းညီအကိုတွေဖြစ်တယ်လို့ မီဇိုရမ်ဝန်ကြီးချုပ်ပြောကြား

ဇွန် ၁၊ ၂၀၂၆

Zalen

Zalen ad

ချင်းပြည်နယ်၊ မီဇိုရမ်ပြည်နယ်နဲ့ မဏိပူရ်တို့မှာ ပြန့်ကျဲနေထိုင်ကြတဲ့ ချင်း၊ မီဇို နဲ့ ကူကီးများဟာ သွေးချင်းညီ အစ်ကိုတွေဖြစ်ကြတယ်လို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က UFC ဖလိုင်းဝိတ်ချန်ပီယံ Joshua Van အားဂုဏ်ပြု မိန့်ခွန်းပြောကြားချိန်မှာ ထည့်သွင်းပြောကြားထားပါတယ်။

မေလ ၃၀ ရက်ညမှာ ကျင်းပတဲ့ Mizoram MISMA ပွဲမှာ Joshua Van ကိုအထူးဧည့်သည်အဖြစ်ဖိတ်ကြား ထားပြီး ကွင်းအတွင်းကိုဖိတ်ခေါ်အမှာစကားပြောကြားခိုင်းရာ ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma က အခုလို ဂုဏ်ပြုအမှာစကားပြောကြားထားတာဖြစ်ပါတယ်။

ဗြိတိသျှကိုလိုနီအစိုးရအနေဖြင့် နာမည်အမှားများပေးခဲ့ကြပြီး မီဇိုရမ်ကလူတွေကို မီဇို၊ မြန်မာပြည်ဘက်က လူတွေကို ချင်း နဲ့ မဏိပူရ်ဘက်ကလူတွေကို ကူကီး ဆိုပြီးသတ်မှတ်ခေါ်ဝေါ်ခဲ့ကြကြောင်း၊ ဒီနာမည်တွေ ဟာ မျိုးရိုးဗီဇနာမည်မဟုတ်ကြောင်း ပြောကြားထားပါတယ်။

ဗြိတိသျှအစိုးရက သွေးခွဲအုပ်ချုပ်မှုလုပ်ခဲ့သည့်တိုင်အောင် ယခုအခါ အားလုံးရဲ့တူညီတဲ့ဘာသာစကားတခု ဘုံဆပ်စပ်မှုတခုက သဘာဝအတိုင်း ထင်ထင်ရှားရှားထွက်ပေါ်လာနေပြီဖြစ်ကြောင်း၊ ကျွန်တော်တို့အား လုံးဟာ မျိုးနွယ်စုတခုတည်းကနေ ဆင်းသက်လာခဲ့ကြသူတွေဖြစ်ကြောင်းပြောဆိုထားပါတယ်။

Joshua Van သံဇကာဝိုင်းထဲဝင်သွားပြီဆိုတာနဲ့ အဲဒီဆက်နွယ်မှုတွေအားလုံးသယ်ဆောင်သွားကြောင်း နဲ့ အဆိုပါညမှာ သွေးချင်းညီအစ်ကိုတွေဆုံဆည်းကြတဲ့အခိုင်အတန့်ဖြစ်တယ်လို့စိတ်ထဲကနေ နှစ်နှစ်ကာကာ မှတ်ယူထားကြောင်း ဝန်ကြီးချုပ်ကဆိုပါတယ်။

Joshua Van ဟာ CRC Malaysia ရဲ့ ၂၅ နှစ်ပြည့်ငွေရတုအခမ်းအနားကိုတက်ရောက်ပြီးနောက် အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ဘက်ကိုခရီးဆက်လာခဲ့ခြင်းဖြစ်ကာ ရောက်ရောက်ချင်း အိုင်ဇောလ်မြို့အနီးရှိ Sihmmui စစ်ရှောင်စခန်း ကို လည်းသွားရောက်ခဲ့ပါတယ်။

သတင်း – Mickey

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်