ချွန်ကျုံးရွာတွင် အကြမ်းဖက်စစ်တပ်မှ ၂ရက်ဆက်တိုက် လေကြေင်းတိုက်ခိုက်မှုပြုလုပ်၊ သံချပ်ကာ ၂စီးမီးလောင်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးရွာတွင် ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်က မနေ့ ဧပြီ ၁၂ရက်နေ့နဲ့ ယနေ့ ဧပြီ ၁၃ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပါတယ်။

မနေ့ ညနေပိုင်း ၂နာရီခွဲခန့်တွင် ဟားခါးမြို့နဲ့ ချွန်ကျုံးရွာအကြားမှာ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ၈ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့ ညနေပိုင်းက တိုက်လေယာဉ်တစ်စင်းနဲ့ ဟားခါးနဲ့ ချွန်ကျုံးရွာအကြားကို ဗုံးကြဲသွားတယ်။ ဟားခါးကနေ ကျနော်တို့မြင်နေရတယ်။ ပေါက်ကွဲသံတွေလည်း တအားကျယ်တယ်။ တစ်ခါပစ်ရင် ဗုံး ၂လုံးထွက်သွားတာ ၈ကြိမ် ပစ်ခတ်တာ ကျတော်တို့ မြင်ရတယ်” လို့ ပြောပါတယ်။

ယနေ့ မနက်ပိုင်းတွင်လည်း ချွန်ကျုံးရွာမှာ တိုက်ပွဲပြင်းထန်ပြီး နေ့လယ်ပိုင်း ၁၁:၄၀ အချိန်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစ်စီးက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။

ကလေးမြို့မှတက်လာသော အကြမ်းဖက် စစ်ကောင်စီယာဉ်တန်းဟာ ဧပြီ ၁၁ရက်နေ့ တွင် ဟားခါးနဲ့ ၁၇မိုင်ခန့်ဝေးသည့် ချွန်ကျုံးကျေးရွာကို ရောက်ရှိ‌နေကြပြီး ရွာအတွင်းလူနေအိမ် ၂၀လုံးခန့်ကို မီးရှို့ခဲ့ကြပါတယ်။

ကလေးမြို့မှ အရပ်သားကား အစီး ၃၀ခန့်ဖြင့် ကလေးမြို့မှတက်လာသော အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းဟာ ချွန်ကျုံးရွာကို ရောက်ရှိနေချိန်မှာ ကား ၁၀စီး တောင်မပြည့်တော့သည့်အပြင် သံချက်ကာ ၂ စီးလည်း မီးလောင်ပျက်စီးသွားတယ်လို့ဆိုပါတယ်။

နောက်ဆုံးရသတင်းများ

တလန်ဇာန်ကျေးရွာ လေကြောင်း တိုက်ခိုက်မှုဟာ တော်လှန်ရေးသမားများလုပ်ခဲ့တာဆိုတဲ့ သတင်းအမှား

Zalen မတ်လ ၂၁ ရက်၊ ၂၀၂၅ ခုနှစ် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ တလန်ဇာန်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဘုရားကျောင်းနဲ့ အဆောက်အအုံတွေ ပျက်စီးတာကို တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးဖြင့်ပစ်ခတ်တာလို့ မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်ချိလျက်ရှိဆိုတဲ့ သတင်းကို ...

ဆက်ဖတ်ရန်