ဂန့်ဂေါမြို့နယ်မြောက်ပိုင်း မြောက်ခင်ရမ်းပျူစစ်ကြောင်းမှ ရွှေဘိုရွာကိုထပ်မံမီးရှို့၊စိတ်ကျန်းမာရေးမကောင်းသူအမျိုးသားတစ်ဉီး သတ်ဖြတ်

၁ ၊ဇွန် ၊၂၀၂၄

Zalen

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ ၊မြောက်ခင်ရမ်း ပျူစစ်ကြောင်း အင်အား (၃၀၀)ခန့်က ရေသာရွာ၊သင်တောရွာ၊ရွှေဘိုရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်နေချိန် ဒေသခံကာကွယ်ရေး အဖွဲ့​များနဲ့ ၃ နာရီ​ခန့်ကြာ ထိတွေ့တိုက်ပွဲ ရှိတယ်လို့သိရပါတယ်။

ထိုထိတွေ့တိုက်ပွဲကနေ ပြန်ထွက်လာတဲ့ ပျူစစ်ကြောင်းဟာ ရွှေဘိုရွာကို ဝင်ရောက်လာပြီး လူနေအိမ် ၆၆ လုံး မီးရှို့ကာ စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသားတစ်ဉီး ကိုလည်းခေါင်းဖြတ်၊ ကလီစာထုတ်ပြီးသတ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။

ထိတွေ့တိုက်ပွဲ နဲ့ပတ်သက်လို့ “အိမ်မီးရှို့တာ ၆၆ လုံးရှိတယ်။ ထိတွေ့မှုကနာရီ ၃ ချက်လောက်ရှိတယ်။ ကျွန်တော်တို့ဖက်ကတော့ အထိအနာမရှိပါဘူး။ ဒါပေမယ့်မိုင်းနင်းမိလို့ တင်တော ရွာသားနှစ်ယောက်ထိတယ်၊တစ်ယောက်ကခြေဖြတ်ရတယ်။ တစ်ယောက်ကတော့နှမ်းခါးမှာသဂြိုလ်တယ်ဗျ၊ ဟိုဖက်က ၇ကောင်သေ၊၃၀လောက်ဒဏ်ရာရတယ်လို့တပ်တွင်းသတင်းအရကြားရတယ်၊ဖောကား နဲ့ပြန်သယ်သွားကြတယ်။ ပြီးတော့ ရွှေဘိုရွာက အသက် ၃၅ နှစ်အရွယ် စိတ်ကျန်းမာရေးမကောင်းတဲ့ဉီးဇင်မျိုးဝင်းကို ခွေးတွေက လည်လှီး သတ်ဖြတ်ခဲ့တယ်” လို့ ဂန်ဂေါခရိုင် ပကဖ အဖွဲ့ဝင် တစ်ဉီးက Zalen ကိုပြောပါတယ်။

ရွှေဘို၊ရေသာ၊တင်တော ရွာကိုဝင်ရောက်ကာပစ္စည်းခိုး၊အိမ်မီးရှို့၊ပြည်သူတွေကိုသတ်ဖြတ်နေကြတဲ့ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံပျူစစ်ကြောင်းဟာ ၄င်းရွာတွေကို ၄ကြိမ်အထိဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြတာကြောင့် မေလ ၁၆ရက်မှ ၃၀ရက်အထိ အိမ်ခြေ ပေါင်း ၄၀၀ နီးပါးပျက်စီးခဲ့ပြီးအရပ်သားပြည်သူ ၃ဉီး အသတ်ခံရတယ်လို့သိရပါတယ်။

မိုးပီအောင်

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်