ဂန့်ဂေါမြို့နယ် ကျေးရွာ ၁၀ ရွာက စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေလိုအပ်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ဂန့်ဂေါ-ကလေးကြား လမ်းဘေးက ကျေးရွာ ၁၀ ရွာဟာ အကြမ်းဖက်စစ်ကောင်စီတပ်က နေထိုင်တွေမီးရှို့ဖျက်ဆီးလို့ တောထဲမှာစစ်ဘေးရှောင်လျက်ရှိပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေလိုအပ်နေတယ်လို့ ဒေသခံတွေထံမှသတင်းရရှိပါတယ်။

ထယ်လှော်ရွာဟာ အိမ်ခြေ ၂၈၀ လောက်ရှိပြီး စက်တင်ဘာလ ၁၂ ရက်တွင် တစ်ကြိမ်း၊ အောက်တိုဘာ ၂ ရက်နဲ့ ၃ ရက်တို့တွင် စစ်ကောင်စီတပ်က ရွာထဲက အိမ် ၂၉ လုံးမီးရှို့ဖျက်ဆီးပြီး ပထမအကြိမ်ရွာထဲဝင်လာတုန်းက ရွာသား ၂ ဦးသတ်ဖြတ်ကာ အလောင်းကို မီးရှို့ကြတယ်လို့သိရတယ်။

ထယ်လှော်ရွာ ဘုန်းကြီးကျောင်းက ကား ၂ စီးနဲ့ ရွာထဲက ဆိုင်ကယ်အများအပြားခိုးယူသွားကြပါတယ်။

ထယ်လှော်ရွာသားတစ်ယောက်က “ပထမအကြိမ် စစ်သားတွေရွာဝင်လာကတည်းက တောထဲမှာခုထိ တိမ်းရှောင်ကြတယ်။ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ တောထဲက အသီးအရွက်တွေပဲစားသောက်နေရတယ်။ စစ်သားတွေ ရွာနီးနားမှာရှိနေတုန်း။ အင်တာနက်လိုင်းလည်းဖြတ်ထားတယ်။ ခုချိန်က ပဲစိုက်တဲ့ရာသီဖြစ်နေပြီ၊ ဒါပေမယ့် ဘယ်သူမှ မစိုက်ရဲကြဘူး။ နှမ်းကတော့သိမ်းပြီ ဒါပေမယ့်စျေးမကောင်းတော့ တချို့ဆိုယာထဲမှာ ဒီတိုင်းပုံထားကြတယ်” လို့ပြောပါတယ်။

ယောနယ်ဒေသက ပြည်သူတွေဟာ ယာလုပ်ငန်းလုပ်ကိုင်ကြပြီး အဓိကပဲအမျိုးမျိုးစိုက်ပျိုးပြီး အသက်မွေးကြပါတယ်။

အကြမ်းဖက်စစ်ကောင်စီကြောင့် ဂန့်ဂေါမြို့နယ် ကလေး-ဂန့်ဂေါကြားကားလမ်းဘေးက တောထဲထွက်ပြေးတိမ်းရှောင်ကြတဲ့ကျေးရွာတွေကတော့ ။ တောင်ယာပြင်၊ မောက်ရွာ၊ မောက်လင်း၊ ကျွန်းဒတ်၊ ရေရှင်မကျေးရွာ၊ ရဲလှ၊ မွှေ့လယ်၊ နှမ်းခါး၊ ကန်၊ နဲ့ ထယ်လှော်ကျေးရွာတို့ဖြစ်ပါတယ်။

ယင်းကျေးရွာတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်က အနည်းဆုံး တစ်ကြိမ်ဆီ လူနေအိမ်ကိုမီးရှို့ကြပြီး ၃ ကြိမ်ထိမီးရှို့ခံရတဲ့ကျေးရွာတွေလည်းရှိပါတယ်။

ထယ်လှော်ကျေးရွာက ပြည်သူတွေကို လှူဒါန်းလိုရင် 09454596775, 09442354516, 09400286315 သို့ဆက်သွယ်နိုင်ပါတယ်။

Zawgyi

ဂန္႔ေဂါၿမိဳ႕နယ္ ေက်းရြာ ၁၀ ရြာက စစ္ေဘးေရွာင္ေတြ စားနပ္ရိကၡာနဲ႔ ေဆးဝါးေတြလိုအပ္

မေကြးတုိင္း၊ ဂန္႔ေဂါၿမိဳ႕နယ္ ဂန္႔ေဂါ-ကေလးၾကား လမ္းေဘးက ေက်းရြာ ၁၀ ရြာဟာ အၾကမ္းဖက္စစ္ေကာင္စီတပ္က ေနထုိင္ေတြမီးရိႈ႕ဖ်က္ဆီးလုိ႔ ေတာထဲမွာစစ္ေဘးေရွာင္လ်က္ရွိၿပီး စားနပ္ရိကၡာနဲ႔ ေဆးဝါးေတြလိုအပ္ေနတယ္လုိ႔ ေဒသခံေတြထံမွသတင္းရရွိပါတယ္။

ထယ္ေလွာ္ရြာဟာ အိမ္ေျခ ၂၈၀ ေလာက္ရွိၿပီး စက္တင္ဘာလ ၁၂ ရက္တြင္ တစ္ၾကိမ္း၊ ေအာက္တိုဘာ ၂ ရက္နဲ႔ ၃ ရက္တို႔တြင္ စစ္ေကာင္စီတပ္က ရြာထဲက အိမ္ ၂၉ လံုးမီးရိႈ႕ဖ်က္ဆီးၿပီး ပထမအၾကိမ္ရြာထဲဝင္လာတုန္းက ရြာသား ၂ ဦးသတ္ျဖတ္ကာ အေလာင္းကို မီးရႈိ႕ၾကတယ္လုိ႔သိရတယ္။

ထယ္ေလွာ္ရြာ ဘုန္းၾကီးေက်ာင္းက ကား ၂ စီးနဲ႔ ရြာထဲက ဆုိင္ကယ္အမ်ားအျပားခိုးယူသြားၾကပါတယ္။

ထယ္ေလွာ္ရြာသားတစ္ေယာက္က “ပထမအၾကိမ္ စစ္သားေတြရြာဝင္လာကတည္းက ေတာထဲမွာခုထိ တိမ္းေရွာင္ၾကတယ္။ ကေလးေတြ၊ သက္ၾကီးရြယ္အိုေတြနဲ႔ ေတာထဲက အသီးအရြက္ေတြပဲစားေသာက္ေနရတယ္။ စစ္သားေတြ ရြာနီးနားမွာရွိေနတုန္း။ အင္တာနက္လုိင္းလည္းျဖတ္ထားတယ္။ ခုခ်ိန္က ပဲစိုက္တဲ့ရာသီျဖစ္ေနၿပီ၊ ဒါေပမယ့္ ဘယ္သူမွ မစိုက္ရဲၾကဘူး။ ႏွမ္းကေတာ့သိမ္းၿပီ ဒါေပမယ့္ေစ်းမေကာင္းေတာ့ တခ်ဳိ႕ဆိုယာထဲမွာ ဒီတုိင္းပံုထားၾကတယ္” လုိ႔ေျပာပါတယ္။

ေယာနယ္ေဒသက ျပည္သူေတြဟာ ယာလုပ္ငန္းလုပ္ကိုင္ၾကၿပီး အဓိကပဲအမ်ဳိးမ်ဳိးစိုက္ပ်ဳိးၿပီး အသက္ေမြးၾကပါတယ္။

အၾကမ္းဖက္စစ္ေကာင္စီေၾကာင့္ ဂန္႔ေဂါၿမိဳ႕နယ္ ကေလး-ဂန္႔ေဂါၾကားကားလမ္းေဘးက ေတာထဲထြက္ေျပးတိမ္းေရွာင္ၾကတဲ့ေက်းရြာေတြကေတာ့ ။ ေတာင္ယာျပင္၊ ေမာက္ရြာ၊ ေမာက္လင္း၊ ကၽြန္းဒတ္၊ ေရရွင္မေက်းရြာ၊ ရဲလွ၊ ေမႊ႔လယ္၊ ႏွမ္းခါး၊ ကန္၊ နဲ႔ ထယ္ေလွာ္ေက်းရြာတို႔ျဖစ္ပါတယ္။

ယင္းေက်းရြာေတြမွာ အၾကမ္းဖက္စစ္ေကာင္စီတပ္က အနည္းဆံုး တစ္ၾကိမ္ဆီ လူေနအိမ္ကိုမီးရိႈ႕ၾကၿပီး ၃ ၾကိမ္ထိမီးရိႈ႕ခံရတဲ့ေက်းရြာေတြလည္းရွိပါတယ္။

ထယ္ေလွာ္ေက်းရြာက ျပည္သူေတြကို လွဴဒါန္းလုိရင္ 09454596775, 09442354516, 09400286315 သို႔ဆက္သြယ္ႏိုင္ပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်