ဂန့်ဂေါမြောက်ပိုင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်

ဇန်နဝါရီ ၂၇ ၊ ၂၀၂၆
Zalen

မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် မြောက်ပိုင်း ရှိ ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသား ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ထံက သတင်းရရှိပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုကို ဇန်နဝါရီလ ၂၅ရက်နေ့ ည ၉ နာရီ ခွဲ၀န်းကျင်မှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးသီး ၃ လုံးကို နေရာ ၃ နေရာမှာ ကြဲချ တိုက် ခိုက်ခဲ့တာလို့ဆိုပါတယ်။

” ညက လာကြဲတာပါ။ တယောက်ကတော့ ပေါင်ပြတ်သွားတယ်ကြားတယ်။ ဒဏ်ရာရတာ ၄ယောက်ရှိတယ်တဲ့။အဲဒီနေရာ တိုက် ပွဲလည်း မရှိပါဘူး” လို့ ဒေသခံအမျိုးသားတဦးက Zalen ကိုပြောပါတယ်။

Zalen ad

စစ်ကောင်စီလေကြောင်းတိုက်ခိုက်တဲ့ နေရာတွေကတော့ ကန်ရွာ ၊ မောက်လင်းရွာ ၊ ကျောက်ဂူဘုန်းကြီးကျောင်း တောင်ဘက်နေရာတွေဖြစ်တယ်လို့ သူကရှင်းပြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့တုန်းကလည်း ပေါက် နဲ့ ထီးလင်း နယ်အစပ် ကို စစ်ကောင်စီက ‌ဂျက်ဖိုက်တာနဲ့ ၃ ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သတင်း – ယောနေ

ဓာတ်ပုံ-လူမှုကွန်ယက်

#ဂန့်ဂေါ#ဗုံးကြဲ#Zalen

နောက်ဆုံးရသတင်းများ

မီဇိုရမ်ရှိ မြန်မာစစ်ဘေးရှောင်များရဲ့ Biometric စာရင်းသွင်းမှု ၉၇ ရာခိုင်နှုန်းကျော် ပြီးစီး

ဇွန် ၂၃ ၊၂၀၂၆Zalen ၂၀၂၅ ခုနှစ် ဇူလိုင်လကုန်ပိုင်းကနေစတင်ခဲ့တဲ့ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေကြတဲ့ မြန်မာစစ်ဘေးရှောင်များရဲ့ ဇီဝအချက်အလက် (Biometric) စာရင်းသွင်းမှုလုပ်ငန်းဟာ ၉၇ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ပါတယ်။ မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဌာန တာဝန်ရှိသူများရဲ့ ပြောကြားချက်အရ လူဦးရေစာရင်းကောက်ယူရေးနဲ့ ...

ဆက်ဖတ်ရန်