စစ်ကောင်စီစစ်ဆေးရေးဂိတ်များ တိုက်ခိုက်ခံရပြီးနောက် လိုင်လင်းပီမြို့တွင် ညမထွက်အမိန့်ထုတ်ပြန်

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့တွင်း ပစ်ခတ်မူဖြစ်ပွားပြီးနောက် စစ်ကောင်စီက မြို့တွင်း လုံခြုံရေးဂိတ်များ တိုးချဲ့ကာ ညမထွက်ရ အမိန့်ကို ဇူလိုင်လ (၉) ရက်နေ့ကစပြီး ထုတ်ပြန်ထားတယ်လို့ ဒေသခံတွေဆီက ကြားသိရသည်။

စစ်ကောင်စီရဲ့ ညနေ(၆) နာရီမှ မနက် (၆) နာရီအထိ မထွက်ရ အမိန့်ကြောင့် လိုင်လင်းပီမြို့ခံတွေ ညဘက် ဘုရားကျောင်းတက် ဝတ်ပြုရာတွင် အခက်ကြုံတွေ့ရတယ်လို့ သိရှိရသည်။

လိုင်းလင်ပီမြို့တွင်းနဲ့မြို့ပြင်တွင် စစ်ကောင်စီက လုံခြုံရေးဂိတ် (၁၀)ခုလောက် တိုးချဲ့ဖွင့်လှစ်ပြီး အာရူးလမ်း၊ မာလာလမ်း၊ ပိုက်တေလမ်းရှိ စစ်ကောင်စီဂိတ်တွေက ပြည်သူများအသွားလာလှုပ်ရှားမူကို စစ်ဆေးမေးမြန်း တင်းကြပ်ထားတယ်လို့ သိရှိရသည်။

လက်ရှိ လိုင်လင်းပီမြို့တွင် အခြေခံစားသောက်ကုန်များ ပြတ်လပ်မူဖြစ်ပွားပြီး ရိုးရိုးဆန် တစ်အိတ်ကို မြန်မာငွေ (၁၂၀,၀၀၀)ကျပ်ပေး ဝယ်ယူစားသောက်နေရသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၈)ရက်နေ့တွင် လိုင်လင်းမြို့တွင်း ချင်းကာကွယ်ရေးတပ်ဖွဲ-မရာနဲ့ စစ်ကောင်စီတို့ ပစ်ခတ်မူဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦး သေဆုံးပြီး၊ စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မူကြောင့် ပြည်သူအမျိုးသမီး(၁)ဦး သေဆုံးကာ လူနေအိမ် (၂)လုံး မီးလောင်ပျက်စီးခဲ့သည်။

နောက်ဆုံးရသတင်းများ

အိန္ဒိယ-မြန်မာနယ်စပ် မဏီပူရ်ပြည်နယ်မှာ မြန်မာဒုက္ခသည်များကို ဒီဇင်ဘာလ နောက်ဆုံးထားပြီး နေရပ်ပြန်ဖို့ ခရိုင်မှူးမှ ညွန်ကြား

၂၆၊ အောက်တိုဘာ ၂၀၂၄ Zalen မဏိပူရ်ပြည်နယ် အိန္ဒိယ-မြန်မာနယ်စပ် မဏီပူရ်ပြည်နယ် အော့ခရူခရိုင်နဲ့၊ ကမ်း‌ဂျွန်ခရိုင်မှာ စစ်ဘေးခိုလှုံနေတဲ့ မြန်မာစစ်ဘေးဒုက္ခသည်များကို ဒီဇင်ဘာလ နောက်ဆုံးထားပြီး နေရပ်ပြန်ဖို့ ခရိုင်အုပ်ချူပ်ရေးအဖွဲ့က အောက်တိုဘာ ၂၂ရက်နေ့က လာရောက်ညွန်ကြားခဲ့တယ်လို့ စစ်ဘေးရှောင်များက ပြောပါတယ်။ ...

ဆက်ဖတ်ရန်