ပလက်ဝမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုထပ်မံပြုလုပ်

ဧပြီ ၂၃၊ ၂၀၂၆
Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အထက်ပိုင်း မီးဇာကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့မှာ စစ်ကောင်စီတပ်က မီးဇာကျေးရွာကို ဗုံးသီး အလုံးရေ ၅၀ ထက်မနည်း လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Zalen ad

“ဗုံးကြဲတာက ဟုတ်ပါတယ်။ ရွာဘေးပတ်လယ်ကို ဗုံးကြဲသွားတာပါ။ ဗုံးသီးအလုံးရေ ၅၀ လောက်က ရှိမယ်။”လို့ ပလက်ဝမြို့နယ်ဒေသခံတဦးက ပြောပါတယ်။

အဲဒီလေကြောင်း တိုက်ခိုက်မှုကြောင့် လူထိခိုက်မှုနဲ့ နေအိမ်ပျက်စီးမှုအခြေအနေ အသေးအစိတ်ကို အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ပလက်ဝမြို့နယ်မှာ စစ်ကောင်စီက တိုက်ပွဲမရှိပေမဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့ကလည်း ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အဲ့အဲ့ဒီ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သား ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ၆ ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။

သတင်း-ခူမီး

နောက်ဆုံးရသတင်းများ

အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းပိုင်း ကလေးမြို့နဲ့ တမူးမြို့ကိုဆက်သွယ်ထားတဲ့ ၅၅ မိုင်တံတားဖျက်ဆီးခံရ

ဇွန် ၁၅၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းပိုင်းက ကလေးမြို့နဲ့ တမူးမြို့ကို ဆက်သွယ်ထားတဲ့ ၅၅ မိုင်တံတားဖျက်ဆီးခံရတယ်လို့ ဒေသသတင်းအရင်းအမြစ်များအရသိရပါတယ်။ အဲဒီကလေး-တမူးလမ်းပိုင်းရှိ ကလေးမြို့နယ်က ၅၅မိုင်တံတားကိုဇွန်လ ၁၃ရက်နေ့မှာမိုင်းဆွဲဖျက်ဆီးခံရတာဖြစ်တယ်လို့ဆိုပါတယ်။ ယင်း ကလေး-တမူးလမ်းမပေါ်ရှိ ၅၅ ...

ဆက်ဖတ်ရန်