စစ်ကောင်စီတပ်ရဲ့ စစ်မှုထမ်း စာရင်းကောက်ခံမှုကြောင့် ရန်ကုန်က ချင်းစစ်ဘေးရှောင်တွေ စိုးရိမ်နေ

ဒီဇင်ဘာလ ၁၃ရက်၊ ၂၀၂၄

Zalen

ရန်ကုန်မြို့မှာ စစ်ကောင်စီတပ်ရဲ့ စစ်မှုထမ်းဖို့ စာရင်းကောက်ခံခြင်းကြောင့် ရန်ကုန်က ချင်းစစ်ဘေးရှောင်တွေ စိုးရိမ်နေကြတယ်လို့ ၎င်းတို့ဆီက သိရပါတယ်။

ရန်ကုန်မြို့မှာ စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ အပတ်အစဥ် (၈) အတွက် သင်တန်းသားတွေ စတင်ခေါ်ယူနေကြသလို ဖမ်းဆီးမှုတွေပြုလုပ်လာတဲ့အတွက် စစ်ဘေးရှောင်တွေဟာ စိုးရိမ်နေကြရတာဖြစ်ပါတယ်။

Zalen ad

“စစ်မှုထမ်းဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေတဆင့် ခေါ်တာတွေရှိတယ်။ တချို့က ရပ်ကွက်ထဲမှာ လူငယ်တွေဖမ်းဆီးတာရှိတယ်။ ကျွန်တော်တို့လည်း စစ်မှုထမ်းဖို့ ခေါ်မလား၊ ဒါမှမဟုတ် ဖမ်းခံမလားဆိုပြီး စိုးရိမ်နေရတယ်။”လို့ ချင်းစစ်ဘေးရှောင်တစ်ဦးက ဆိုပါတယ်။

အခုရက်ပိုင်းတွင်း ရန်ကုန်တိုင်းက မြို့တွေမှာ စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ လူငယ်တွေကို အုပ်ချုပ်ရေးမှူးတွေကနေတဆင့် ခေါ်ယူတာတွေ၊ ဖမ်းဆီးတာတွေ ပိုမိုလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မှော်ဘီ၊ ထောက်ကြံ့၊ လှည်းကူး စတဲ့မြို့နယ်တွေမှာ နေထိုင်တဲ့စစ်ဘေးရှောင်တွေကိုလည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက လူဦးရေစာရင်း ကောက်ယူနေကြသလို ဧည့်စာရင်းတွေလည်း တိုင်ကြားရမယ်လို့ ညွန်ကြားထားတယ်လို့ သိရပါတယ်။

“လူဦးရေစာရင်း ကောက်ယူတာက ပြီးခဲ့တဲ့လတွေကပါ။ စစ်မှုထမ်းဖို့ကိစ္စတော့ ဘာမှမပြောရသေးဘူး။ ဒါပေမဲ့ ရပ်ကွက်ထဲမှာ ကြားနေရတယ်။ စစ်ဘေးရှောင်တွေလည်း စစ်မှုထမ်းရမယ်ဆိုပြီး ပြောကြတယ်။ ပြီးတော့ ဧည့်သည်ရောက်ရင် ဧည့်စာရင်းတိုင်ခိုင်းတယ်။ စစ်တဲ့အခါတွေ့ရင် အရေးယူမယ်လို့ပြောပါတယ်။”လို့ နောက်ထပ် ချင်းစစ်ဘေးရှောင်တစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်မှုထမ်း စာရင်းကောက်ခံမှုနဲ့ လူငယ်ဖမ်းဆီးမှုတွေကြောင့် ရန်ကုန်မြို့က စစ်ဘေးရှောင်တွေဟာ အိမ်နဲ့ အလှမ်းဝေးတဲ့နေရာမှာ အလုပ်လုပ်တာ၊ ညဘက်တွေမှာ အပြင်ထွက်လုပ်လုပ်တာတွေ မလုပ်ရဲကြတော့ဘဲ စိုးရိမ်နေကြပါတယ်။

ချင်းပြည်နယ်မှာဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ဒေသခံတွေဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အပြင် ရန်ကုန်မြို့မှာလည်း စစ်ဘေးရှောင်ကြတဲ့သူတွေ အများပြားရှိပါတယ်။

သတင်း – ကိုခူမီး

နောက်ဆုံးရသတင်းများ

အစိုးရဝန်ထမ်းတဦးမှသည် စီဒီအမ်ဈေးသည်မ ဘဝခရီးသို့

နွေဦးဈေးသည်(စီဒီအမ်ဝန်ထမ်းတဦး) ဈေးသည်ဘဝကို အစပြုလာခဲ့တာတော့ ဒီ၂၀၂၁ခုနှစ် ‌ဖေဖော်ဝါရီ ၁ရက်နေ့ ကျမတို့အမိမြန်မာနိုင်ငံတော်ကြီး မတရားအာဏာသိမ်းရာကနေ အစပြုလာခဲ့တာပေါ့လေ။ ဈေးသည်ဖြစ်ရလို့ ဝမ်းနည်းနေတာမဟုတ်ဘူးဟေ့။ ကျမတို့အမေက ဟိုးအရင်ကထဲက ဈေးရောင်းလာတာ ကျမတို့ဘွဲ့ရပညာတတ်လာတာ ဒီဈေးရောင်းရင်းကနေပဲ ရယူလာခဲ့တာပါ။ အမေ့ကိုအားနာတာပါ။ အသက်၄၀ကျော်လေးမှာ မုဆိုးမဖြစ်လာပြီး ...

ဆက်ဖတ်ရန်