PDF Kalay တပ်ရင်း(၁) တပ်သား ကိုရတု ခေါ် စင်္ကြာမင်းဟာ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် ဧပြီ ၁၂ ရက် နံနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံရပြီးနောက် မီးရှို့သတ်ဖြတ်ခံရတယ်လို့သတင်းရရှိပါတယ်။
ကိုရတုဟာ ဖမ်းဆီးခံရပြီးနောက် ယနေ့ ဧပြီ ၁၃ ရက်နေ့တွင် ခန္ဓာကိုယ်အပေါ်ပိုင်း မီးလောင်ထားတဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိကြပါတယ်။
ရုပ်အလောင်းကို PDF Kalay က ယနေ့တွင် မီးရှို့သဂြိုလ်ပေးကြပါတယ်။
Zawgyi
စစ်ကောင်စီဖမ်းဆီးထားတဲ့ PDF တစ်ဦး မီးရှို့သတ်ဖြတ်ခံရ