စစ်ကောင်စီ ရွေးကော်မရှင်ထံ နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် ခူမီးအမျိုးသားပါတီအား ပါတီတည်ထောင်ခွင့်ပြု

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် ခူမီးအမျိုးသားပါတီအား နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရဖြင့် ရွေးကောက်ပွဲကော်မရှင်က နိုင်ငံပါတီတည်ထောင်ခွင့်ကို ခွင့်ပြုလိုက်သည်ဟု သိရှိရသည်။

ပါတီတည်ထောင်ခွင့်ပြုလိုက်သည့် ခူမီးအမျိုးသားပါတီသည် ယခင် ခူမီး(ခမီး)အမျိုးသားပါတီအား ဖျက်သိမ်းပြီး ၎င်းပါတီရှိ လူကြီးတွေက ပါတီ အမည်သစ်ဖြစ် စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ထံ ပါတီတည်ထောင်ခွင့် လျှောက်ထားခြင်း ဖြစ်သည်ဟု ပါတီနဲ့ နီးစပ်တဲ့ အသိုင်းဝိုင်ထံက သိရှိရသည်။

စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံတွင် နိုင်ငံရေးပါတီ မှတ်ပုံတင်လျှောက်ထားခဲ့သည့် နိုင်ငံရေးပါတီများအနက် မှတ်ပုံတင်ခွင့်ပြုပေးခဲ့သည့် နိုင်ငံရေးပါတီ (၂၅) ပါတီ ရှိပြီဖြစ်ကြောင်း UEC ထုတ်ပြန်ထားသည်။

ခူမီးအမျိုးသားပါတီသည် ပါတီတည်ထောင်ခွင့်၊ ခွင့်ပြုချက် ရရှိသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ၇ နှင့်အညီ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ထံသို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရမည်ဖြစ်သည်။

Zalen ad

၂၀၂၃ ခုနှစ်၊ ဇွန်လထိ စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံ‌ရေးပါတီ မှတ်ပုံတင် လျှောက်ထားသည့် ပါတီ (၅၀) ရှိပြီး ပါတီတည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ (၁၃) ခု ရှိကာ စုစုပေါင်း (၆၃) ပါတီရှိကြောင်း သိရှိရသည်။

နိုင်ငံ‌ရေးပါတီ မှတ်ပုံတင် လျှောက်ထားသည့် ပါတီ (၅၀)ထဲတွင် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ZCD)၊ ခူမီးအမျိုးသားပါတီ တို့ဖြစ်ပါသည်။

ပါတီ ၄၀ ဖျက်သိမ်းခံရတဲ့ထဲတွင် အရှိုချင်းအမျိုးသားပါတီ၊ ခူမီး(ခမီး)အမျိုးသားပါတီ၊ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD)၊ ချင်းတိုင်းရင်းသားများပါတီတို့ပါဝင်ပါသည်။ ပါတီမှတ်ပုံတင် လျှောက်ထားဆဲတွင် ချင်းပြည်သူ့ပါတီတို့ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်