စစ်ခေါင်းဆောင်တွေကို လူမျိုးသတ်ဖြတ်မှုနဲ့ ဖမ်းဝရမ်းအထုတ်ခံရပြီးတဲ့နောက် ရိုဟင်ဂျာတစ်ထောင်နီးပါး လွတ်ပေး

၁၆၊ ဖေဖော်ဝါရီ၊ ၂၀၂၅

Zalen

၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကြောင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ၂၃ဦးကို အာဂျင်းတီးနားတရားရုံးက ဖမ်းဝရမ်းထုတ်ပြီးတဲ့နောက်မှာ အင်းစိန်ထောင်ကနေ လွတ်ရက်စေ့တဲ့ ရိုဟင်ဂျာ ၉၃၆ ဦးကို ဖေဖော်ဝါရီလ ၁၆ ရက် စစ်ကောင်စီတပ်က ပြန်လွှတ်လိုက်တယ်လို့ သိရပါတယ်။

ဒီနေ့မနက် ၆နာရီလောက်မှာ ရိုဟင်ဂျာတွေကို ခရီးသည်တင်ယာဉ်ခြောက်စီးနဲ့ အင်းစိန်ထောင်အတွင်းက ခေါ်ထုတ်ပြီးနောက် ရန်ကုန်ဆိပ်ကမ်းကနေတဆင့် စစ်တွေမြို့ကို ပို့ဆောင်လိုက်တာလို့ ဒီနေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသား များကွန်ရက်(PPNM)က ထုတ်ပြန်ပါတယ်။

Zalen ad

အဲဒီရိုဟင်ဂျာတွေအထဲမှာ အမျိုးသမီး၊ ကလေးသူငယ်နဲ့ အသက်အရွယ်ကြီးသူတွေ အပါအဝင် လွတ်ရက်စေ့ပေမဲ့ တစ်နှစ်ကျော်အထိ မလွတ်မြောက်ဘဲ ဆက်လက်ချုပ်နှောင် ခံထားရသူတွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကလည်း လူဝင်ကြီးကြပ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတချို့ အကျဉ်းထောင်ကို ရောက်ရှိလာပြီး အထောက်အထားလက်မှတ်တွေ ထုတ်ပေးခဲ့တယ်လို့ PPNM က ပြောပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဆက်စပ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်တပ်က အရာရှိကြီး၊ ငယ် ၂၃ ဦးနဲ့ အဲဒီအချိန်က အစိုးရအဖွဲ့ကိုယ်စား တာဝန်ရှိတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးထင်ကျော်တို့ကို အာဂျင်တီးနားတရားရုံးက ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

Helen

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်