စစ်ရေးပူးပေါင်းဆောင်ရွက်မှုအတွက် ကင်မ်ဂျုံအန် နှင့် ပူတင် တွေ့ဆုံမယ်

မြောက်ကိုးရီးယားခေါင်းဆောင်ဖြစ်တဲ့ ကင်မ်ဂျုံအန်ကတော့ ရုရှားနိုင်ငံကို ဒီလအတွင်းသွားမှာဖြစ်ပြီး ရုရှားသမ္မတ ပူတင်ကို သွားရောက်တွေ့ဆုံမှာဖြစ်ပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်ကတော့ နိုင်ငံတကာရဲ့ ရှူတ်ချမှု အကြားမှာပဲ မော်စကိုအတွက် လိုအပ်နေတဲ့ လက်နက်များ ထောက်ပံ့ပေးနိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်မှာဖြစ်ပါတယ်။ ကင်မ်ဟာ ပြုံယန်းကနေ ရုရှားနိုင်ငံသို့ ရထားဖြင့် ခရီးသွားမှာဖြစ်တယ်လို့ New York Times သတင်းစာက ရေးသားဖော်ပြထားပါတယ်။

မြောက်ကိုးရီးယားနဲ့ သိပ်မဝေးတဲ့ ရုရှားဆိပ်ကမ်းမြို့တစ်မြို့ဖြစ်တဲ့ ဗလာဒီဗိုစတုတ်မြို့တွင် နှစ်နိုင်ငံက ခေါင်းဆောင်များဟာ ရုရှားနိုင်ငံသို့ လက်နက်ကြီးများ နှင့် တင့်ကားတိုက်ခိုက်ရေး လက်နက်များကို ရုရှားနိုင်ငံက အဆင့်မြင့် နည်းပညာများနှင့် နျူကလီးယားစွမ်းအင်သုံး ရေငုတ် သင်္ဘောတို့နဲ့ လဲလှယ်ရန် ဆွေးနွေးကြမှာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ အမေရိကန်ကတော့ ရုရှားနှင့် မြောက်ကိုးရီးယားတို့အကြား စစ်ရေးတွင် ဆက်ဆံရေး ပိုမိုနီးစပ်လာမှုကြောင့် စိုးရိမ်ကြောင်း ပြောဆိုပါတယ်။ ရုရှားကတော့ မြောက်ကိုးရီးယားနဲ့ စစ်ရေးပူးတွဲလေ့ကျင့်မှု ပြုလုပ်ရန် စီစဉ်နေတယ်လို့ ထုတ်ပြန်ပြီးနောက်မှာပဲ ဒီခရီးစဉ် သတင်းကလည်း ထွက်လာတာဖြစ်ပါတယ်။ ခရင်းမလင်းရဲ့ ပြီးခဲ့တဲ့ အပတ် မော်စကိုတွင် ပြောဆိုချက်အရ ရုရှားဟာ ဒုတိယကမ္ဘာစစ်တုန်းက အရေးကြီးသော မဟာမိတ်နိုင်ငံဖြစ်တဲ့ မြောက်ကိုးရီးယားနဲ့ ဆက်ဆံရေးတိုးမြှင့်ရန် ရည်ရွယ်နေကြောင်း ပြောပါတယ်။

Zalen ad

မြောက်ကိုးရီးယားဟာ ရုရှား၏ ၂၀၂၂ ခုနှစ်တွင် ယူကရိန်းကျူးကျော်စစ်ကို ထောက်ခံနေသော နိုင်ငံအနည်းငယ်ထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကင်မ်ဂျုံအန်ရဲ့ ဖခင်ဖြစ်တဲ့ ကင်မ်ဂျုံအီကလည်း လေယာဉ်နဲ့ ခရီးမသွားခဲ့ပဲ ရထားဖြင့်သာ ခရီးသွားခဲ့ပါတယ်။ သူကလည်း ၂၀၁၁ ခုနှစ် သူမဆုံးခင်မှာ ရုရှားနိုင်ငံကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ အမေရိကန်ကတော့ ပြီးခဲ့တဲ့အပတ်တွင် ပြောဆိုချက်အရ မြောက်ကိုးရီးယားနှင့် ရုရှားအကြားက အဆင့်မြင့်လာသော လက်နက်ကိစ္စဆွေးနွေးမှုများဟာ ပိုများလာတယ်လို့ ဆိုပါတယ်။ ရုရှားနှင့် မြောက်ကိုးရီးယားတို့ကတော့ မကြာသေးခင်မှာပဲ စစ်ရေးတွင် နီးကပ်စွာဆက်ဆံရေး ထားရှိရန် ကြိုးပမ်းလာခဲ့ကြပါတယ်။

သို့သော်လည်း မြောက်ကိုးရီးယားကတော့ ရုရှားနဲ့ လက်နက်ရောင်းဝယ်မှု မပြုလုပ်ကြောင်း ငြင်းဆန်ထားပါတယ်။ အမေရိကန်ကတော့ ရုရှားနဲ့ မြောက်ကိုးရီးယားအကြား လက်နက်ရောင်းဝယ်မှုအတွက် အလုပ်လုပ်ပေးနေတယ်ဆိုတဲ့ ကုမ္ပဏီ ၃ ခုကို ပိတ်ဆို့အရေးယူမှု ချမှတ်လိုက်ပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၁) ကုန်သွယ်ရေးလမ်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေဆဲ

ဇွန်  ၁၂၊ ၂၀၂၆ Zalen စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ်၊ အမှတ်(၁) ကုန်သွယ်ရေးလမ်း ကလေး-တမူး လမ်းပိုင်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေတယ်လို့ ဒေသသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ရက်နေ့ကနေစပြီး တမူးမြို့အခြေစိုက် စစ်ကောင်စီတပ်က ...

ဆက်ဖတ်ရန်