တီးတိန်မြို့ဆေးရုံမှာ ဆရာဝန်တွေ ကြိုတင် စစ်ရှောင်လို့ ဒေသခံလူနာတွေ ဆေးကုသဖို့ ခက်ခဲနေ

မေ ၁၃၊ ၂၀၂၆
Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့ သိမ်းတိုက်ပွဲ ဖြစ်လာတော့မယ်ဆိုတဲ့သတင်းကြောင့် ဒေသခံအများစုဟာ ‌ဧပြီ လကုန်ကတည်းက ထွက်ပြေးတိမ်းရှောင်ကြသလို တီးတိန်မြို့ ဆေးရုံက ဆရာဝန်တွေလည်း ကြိုတင်စစ်​ရှောင်
နေကြပါတယ်။

ဒါကြောင့် တီးတိန်ပြည်သူ့ဆေးရုံမှာ ဆေးကုသပေးမယ့် ဆရာဝန် မရှိတာကြောင့် ဒေသခံလူနာတွေ ဆေးကုသဖို့ အခက်အခဲဖြစ်နေကြတယ်လို့ သိရပါတယ်။

” ဆေးရုံအုပ်က မရှိဘူး၊ လက်ထောက် ဆရာဝန်ကလည်း ကြိုပြီး စစ်ရှောင်တယ်ဆို‌တော့၊ စစ်မရှောင်ပဲ မြို့ထဲကျန်တဲ့ ဒေသခံတွေရော၊ ရွာတွေဘက်က ဒေသခံတွေနဲ့ မြို့ထဲကို ပြန်၀င်လာတဲ့ ဒေသခံတွေလည်း ရှိလာတော့ သူတို့ရဲ့ ကျန်းမာရေးအတွက် လိုအပ်တာပါ။ မဖြစ်မနေ လူနာတွေကတော့ ကလေးကို ဆင်းရတဲ့ အခြေအနေပါ။ ငွေကြေးကတော့ ခရီးစရိတ်နဲ့တင် အတော်ကို ကုန်ကြတာပေါ့ဗျာ။ ” လို့ ‌မြို့ခံတဦးက ပြောပါတယ်။

Zalen ad

ပြည်သူ့ဆေးရုံမှာ တ‌နေ့ကို လူနာ တရာ၀န်းကျင်လောက် လက်ခံကြည့်ပေးတဲ့ လက်ထောက်ဆရာဝန် ‌ဒေါက်တာ ဂိုဇမ်မုန် (Dr. Ngo Zam Mung) လည်း စစ်ရှောင်သွားတာကြောင့် လူနာတွေ အတွက် ပိုအခက်ကြုံနေရတာလို့ ဆိုပါတယ်။

တီးတိန်မြို့ပြည်သူ့ဆေးရုံဟာ ကုတင် (၁၀၀) ဆံ့ ဆေးရုံဖြစ်ပြီး တီးတိန်မြို့နယ်က ကျေးရွာတွေနဲ့ တွန်းဇံဘက်ကို ရွာတွေက ဒေသခံအများစုဟာ တီးတိန်ပြည်သူ့ဆေးရုံမှာပဲ ဆေးကုသမှုခံယူလေ့ရှိပါတယ်။

Helen
ဓာတ်ပုံ -MOI

တီးတိန်မြို့#ပြည်သူ့ဆေးရုံ#ဆရာဝန်#ကြိုတင်စစ်

ရှောင်#ဒေသခံလူနာများအခက်ကြုံ#Zalen

နောက်ဆုံးရသတင်းများ

မီဇိုရမ်ရှိ မြန်မာစစ်ဘေးရှောင်များရဲ့ Biometric စာရင်းသွင်းမှု ၉၇ ရာခိုင်နှုန်းကျော် ပြီးစီး

ဇွန် ၂၃ ၊၂၀၂၆Zalen ၂၀၂၅ ခုနှစ် ဇူလိုင်လကုန်ပိုင်းကနေစတင်ခဲ့တဲ့ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေကြတဲ့ မြန်မာစစ်ဘေးရှောင်များရဲ့ ဇီဝအချက်အလက် (Biometric) စာရင်းသွင်းမှုလုပ်ငန်းဟာ ၉၇ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ပါတယ်။ မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဌာန တာဝန်ရှိသူများရဲ့ ပြောကြားချက်အရ လူဦးရေစာရင်းကောက်ယူရေးနဲ့ ...

ဆက်ဖတ်ရန်